နောက်တစ်ပတ်မှာ အဆုံးသတ်တော့မယ့် Hospital Playlist Season(2) - Myanmarload

နောက်တစ်ပတ်မှာ အဆုံးသတ်တော့မယ့် Hospital Playlist Season(2)

https://s9.kh1.co/44/447ad4c3941dcd45db727d6f4f9f406cc6c56f57.jpg
ဖျော်ဖြေရေးများ
 13-Sep-2021 11am · a month ago

ဘယ်လို အကြောင်းအရာတွေပါဝင်မလဲဆိုတာ အသေးစိတ်သိချင်ရင်တော့.... (အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

Hospital Playlist လို့ပြောလိုက်တာနဲ့

သူငယ်ချင်းတွေကြားမှာထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်း ထည့်သွင်းပုံဖော်ထားတဲ့ ရသစုံ ဇာတ်လမ်းတွဲဆိုတာ အားလုံးသိကြမှာပါနော်။ဒီဇာတ်လမ်းတွဲလေးဟာ Season 1 နဲ့ Season 2 ဆိုပြီးထုတ်လွှင့်ပြသခဲ့ရာ နောက်အပတ် ဆိုရင်တော့ Season 2ရဲ့ Final Episode ကိုရောက်ရှိလာပြီဖြစ်ပါတယ်။နောက်ဆုံးဖြစ်တဲ့ ဇာတ်သိမ်းပိုင်းလေးကို ပြသချိန် အားဖြင့် ခါတိုင်းနဲ့မတူပဲ ၂နာရီ၄၀မိနစ်တိတိကြာအောင် ပြသမယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=652,q=100/96/967e68c11610ca114b10d232b240805cfc2dd072.jpg
Photo Credit from Hospital Playlist Facebook 
https://s9.kh1.co/__image/w=650,h=650,q=100/ca/ca5b22aed51199d6d48ca0ad1cf3209a9833b6de.jpg
Photo Credit from Hospital Playlist Facebook 

ဒီဇာတ်လမ်းတွဲမှာဆိုရင် အဓိက သရုပ်ဆောင် ၅ဦးပါပါတယ်။ချယ်ဆုန်းဟွာ အဖြစ် မင်းသမီး Jeon Mido၊ လီအီဂျွန်း အဖြစ် မင်းသား Jo Jung Suk၊ ကင်ဂျွန်ဝမ် အဖြစ် မင်းသား Jung Kyung Ho ၊ ရန်ဆော့ဟွန်း အဖြစ် မင်းသား Kim Dae Myung နဲ့ အန်ဂျောင်ဝန်း အဖြစ် မင်းသား Yoo Yeon Seok တို့ကပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/2f/2faab3ecbe24e892acb696fb737a2f4440496174.jpg
Photo Credit from Hospital Playlist Facebook 
https://s9.kh1.co/__image/w=650,h=366,q=100/71/71e6ee0389077448a2070bfa0fe86b4edfebd843.jpg
Photo Credit from Hospital Playlist Facebook 

ဒီဇာတ်လမ်းလေးမှာ ဆိုရင်တော့ ပြဿနာတွေကြုံတွေ့လာတိုင်း ကြင်ကြင်နာနာ နှစ်သိမ့် အားပေးခြင်းတွေနဲ့ကျော်လွှားပုံတွေ၊သူငယ်ချင်းတွေ၊လုပ်ဖော်ကိုင်ဖက်တွေကြားက သံယောဇဥ်နဲ့ ချစ်ခြင်းမေတ္တာအကြောင်းတွေ၊ဆေးပညာလောကနဲ့ဆိုင်တဲ့အကြောင်းအရာတွေနဲ့ ပညာပေးအကြောင်းအရာတွေကို ရသစုံလင်စွာထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။ဒါ့အပြင် ဒီ ဇာတ်လမ်းတွဲထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်တေးသီချင်းတွေကလည်း တကယ့်ကို စိတ်ကိုကြည်လင်သွားစေတာမို့ မကြည့်ရသေးသူတွေလည်း ကြည့်ရှုခံစားအားပေးကြဖို့အကြံပေးပါရစေ။

https://s9.kh1.co/__image/w=650,h=434,q=100/16/16a162292cbb4053c63025aae7058b4043571857.jpg
Photo Credit from Jeon Mido Facebook 
https://s9.kh1.co/__image/w=650,h=650,q=100/59/5953241b1b3feb9afb5adf0bdf6d8851ed0e4784.jpg
Photo Credit from Hospital Playlist Facebook 
https://s9.kh1.co/__image/w=650,h=520,q=100/87/874d6b68b4bfd49dfa45b632558ab40804d9abc4.jpg
Photo Credit from Hospital Playlist Facebook 
https://s9.kh1.co/__image/w=650,h=650,q=100/f4/f4f8bed34ab1c7fde6f9b2bfa3292df60e5753bd.jpg
Photo Credit from Hospital Playlist Facebook 
https://s9.kh1.co/__image/w=650,h=366,q=100/df/df164a0f787e643d3a0d7ffbb086ec73646a8527.jpg
Photo Credit from Hospital Playlist Facebook 
https://s9.kh1.co/__image/w=650,h=650,q=100/96/96b41224ae296c8b502cef12be6c811693ab3c6a.jpg
Photo Credit from Hospital Playlist Facebook 
Thandar Aung
Thandar Aung

ဆက်စပ်ဆောင်းပါး

https://s9.kh1.co/a1/a110689f9b9ef1f6b0faa1f13217e552f6870a33.jpg

လာမယ့် စနေ နှင့် တနင်္ဂနွေ မှာ ဇာတ်သိမ်းတော့မှာဖြစ်တဲ့ ပရိတ်သတ်များရဲ့ချစ်ခင်အားပေးမှုအပြည့်အဝရရှိထားပြီး အရမ်းရိုမန့်ဆန်တဲ့ တောင်ကိုးရီးယားရုပ်သံဇာတ်လမ်းတွဲ Hometown Cha Cha

 15-Oct-2021 
 10am · 6 days ago