(၆)လပြည့်တဲ့အထိကို ပြည်သူတွေက လေးစားဂုဏ်ယူနေရဆဲဖြစ်တဲ့ သူရဲကောင်း မောင်ထက်မြတ်အောင် - Myanmarload

(၆)လပြည့်တဲ့အထိကို ပြည်သူတွေက လေးစားဂုဏ်ယူနေရဆဲဖြစ်တဲ့ သူရဲကောင်း မောင်ထက်မြတ်အောင်

https://s9.kh1.co/0d/0d291f6d316737a6c8ca73f8f173512d5ae6cdd2.jpg
နေ့စဉ်သတင်းများ
 13-Sep-2021 10am · 3 months ago

ထက်မြတ်အောင်နဲ့ပတ်သက်တဲ့အချို့သောအကြောင်းအရာတွေသိချင်ရင်တော့..... (အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

လွန်ခဲ့တဲ့ ​၆လ ယနေ့လိုနေ့ မွန်းလွဲ ၁၂နာရီခွဲမှာ ပြည်မြို့ က မောင်ထက်မြတ်အောင်တစ်ယောက် ပြည်မြို့မှာပဲ ကျဆုံးခဲ့ပါတယ်။သူဟာ တစ်ဦးတည်းသော သားဖြစ်ပြီး မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ပထမနှစ် ကျောင်းသားဖြစ်ပါတယ်။ရေကြောင်းစက်မှုပညာဘာသာရပ်ကို အထူးပြုလေ့လာနေတဲ့ ကျောင်းသားတစ်ဦးဖြစ်ပါတယ်။ဒါ့အပြင် သူဟာ ဘောလုံးအားကစားကိုလည်းနှစ်သက်သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/be/be3763552ec911d6da046b2bd7b548216cc2164a.jpg
Photo Credit From Myanmar Maritime University Student's Union Page
https://s9.kh1.co/__image/w=628,h=614,q=100/39/39a57afc5f2f63b87dde6479abb5f291a75bc785.jpg
Photo Credit From NA/MM Footbll Team Facebook

ပြည်မြို့ ခရမ်းကုန်းခံတပ်ဖြိုခွင်းခံရစဉ်က သူဟာ ရဲဝံ့စွာရှေ့တန်းမှာနေပြီး အသက်ပေးတိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်းဖြစ်ပါတယ်။ဖြိုခွင်းခံရစဥ် ကျည်ထိမှန်ခဲ့ပြီး ဆေးရုံသွားနေစဥ်လမ်းမှာတင် သူဟာ အသက်ဆုံးရှုံးခဲ့ရပါတယ်။သူ ကျဆုံးစဥ်ကလည်း ကျောင်းသားပြည်သူများအားလုံးက ကိုယ့်အမျိုးအရင်းသဖွယ် ပူဆွေးဝမ်းနည်းခဲ့ကြရပါတယ်။အသက်ငယ်ပေမယ့် ရဲစွမ်းသတ္တိနဲ့ပြည့်စုံလွန်းတာကြောင့် ပြည်သူအားလုံးက သူ့ကို လွမ်းဆွတ်သတိရပြီး လေးစားဂုဏ်ယူလျက်ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=666,q=100/60/6044accdec498f960083cf218bc852ee89e40229.jpg
Photo Credit From Myanmar Maritime University Student's Union

ယနေ့မှာဆိုရင်လည်း သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေကို သူ့ရဲ့ မိဘဆွေမျိုးများနှင့် သူငယ်ချင်းမိတ်ဆွေများက ပြန်လည်မျှဝေရင်း သူနဲ့ပတ်သက်တဲ့အမှတ်တရများကိုလွမ်းဆွတ်နေကြပါတယ်။ကျောင်းသားပြည်သူတွေကလည်း သူ့ရဲ့ကျဆုံးမှုအလကားမဖြစ်ရလေအောင် ကြိုးစားပါ့မယ်လို့ ကတိကဝတ်ပေးနေကြတာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။သူရဲကောင်း မောင်ထက်မြတ်အောင်နဲ့ပတ်သက်တဲ့ အမှတ်တရတချို့ကိုလည်းထည့်သွင်းဖော်ပြပေးထားပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/4a/4abcfe31d88ea36be1a0fe3597d5ae601ca52922.jpg
Photo Credit From Myanmar Maritime University Student's Union Page
https://s9.kh1.co/__image/w=650,h=867,q=100/8c/8cc419bb435d4e961a5534c231b5a878ec21e737.jpg
Photo Credit From Myanmar Maritime University Student's Union Page
https://s9.kh1.co/__image/w=650,h=867,q=100/68/680836d753532d92e8a3c7cef7bdcbdc60bbf008.jpg
Photo Credit From Myanmar Maritime University Student's Union Page
https://s9.kh1.co/__image/w=650,h=867,q=100/c5/c59cf1b611e5b20564e891c48d19b6baca197e48.jpg
Photo Credit From Myanmar Maritime University Student's Union Page
https://s9.kh1.co/__image/w=650,h=867,q=100/f3/f3dac962bf1560f944c31ab44afb88fa5281efdb.jpg
Photo Credit From Myanmar Maritime University Student's Union Page
https://s9.kh1.co/__image/w=650,h=867,q=100/ab/ab19595226c5b9f88791431ee8e49b4728f62ff6.jpg
Photo Credit From Myanmar Maritime University Student's Union Page
https://s9.kh1.co/__image/w=650,h=867,q=100/17/173c8b3963a5edec73559bf96f39f7a8e961e177.jpg
Photo Credit From Myanmar Maritime University Student's Union Page
https://s9.kh1.co/__image/w=650,h=650,q=100/7f/7fb8328c68a93ff46ce083d1473e02bd4b4896fe.jpg
Photo Credit From Myanmar Maritime University Student's Union Page
Thandar Aung
Thandar Aung

ဆက်စပ်ဆောင်းပါး