အာဖဂန်တက္ကသိုလ်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ထားပြီး ကျောင်းသူ၊ကျောင်းသားတွေကို ကန့်လန့်ကာလေးခြားကာ သင်ကြားနေတဲ့ တာလီဘန်တွေရဲ့ ပညာရေး

//s9.kh1.co/c8/c8f30cbf491a88177345cddb5ba34b1cad9b6471.jpg
နေ့စဉ်သတင်းများ

 ၀၈-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

အာဖဂန်နစ်စတန်နိုင်ငံအတွင်း တိုက်ပွဲတွေပြီးဆုံးချိန်မှာ တာလီဘန်တွေက စစ်လက်နက်ပစ္စည်းများ၊ ဒေါ်လာ သန်းချီတန်တဲ့ တိုက်ခိုက်ရေးရဟတ်ယာဥ်များ၊ သယ်ယူပို့ဆောင်ရေး လေယာဥ်များ၊ သံချပ်ကားများအပြင် နိုင်ငံ့ဏ္ဍငွေများစွာကိုလည်း သိမ်းစည်းရမိခဲ့ပါတယ်။ လက်ရှိမှာ တာလီဘန်များက အာဖဂန်နစ်စတန်နိုင်ငံကို အရင်အတိုင်းပြန်လည် လည်ပတ်စေဖို့ လူမှုရေး၊ စီးပွားရေး၊ ပညာရေးစတာတွေကို အခြေပြုပြီး လုပ်ဆောင်လာခဲ့ပါတယ်။ တချို့အလုပ်ရုံ၊ စက်ရုံတွေနဲ့ အများပြည်သူများ အသုံးပြုတဲ့ စျေးများကိုလည်း ပြန်လည်ဖွင့်လှစ်လာခဲ့ပါတယ်။

Photo Credit - CGDN
Photo Credit - CGDN
Photo Credit - CGDN
Photo Credit - CGDN

ဒါ့အပြင် တိုက်ပွဲကာလအတွင်း ရပ်နားထားခဲ့ရတဲ့ ပညာရေးကိုလည်း တာလီဘန်များက မူဝါဒအသစ်တွေကိုရေးဆွဲပြီး နိုင်ငံအတွင်းမှာရှိတဲ့ ပုဂ္ဂလိကတက္ကသိုလ်ကျောင်းများ နှင့် ကောလိပ်ကျောင်းများကို ပြန်လည် ဖွင့်လှစ်လာခဲ့ပါတယ်။ တာလီဘန်မှ ဦးစီးသောပညာရေးဝန်ကြီးဌာနဟာ အဆိုပါကျောင်းများကို တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားများအား ဝတ်စားဆင်ယင်မှုဆိုင်ရာတွေကို ပြောင်းလဲခဲ့ပါတယ်။

Photo Credit - CGDN
Photo Credit - CGDN
Photo Credit - CGDN
Photo Credit - CGDN

ဒါ့အပြင် လိင်အကြမ်းဖက်တာတွေကို တားစီးလုပ်ဆောင်ဖို့ ကျောင်းခန်းအတွင်း စာသင်ချိန်မှာ ကျောင်းသူ၊ကျောင်းသားတွေကိုလည်း ကန့်လန့်ကာလေးခြားထားပြီး သင်ကြားနေကြောင်း CGDN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ လက်ရှိမှာတော့ အာဖဂန်တက္ကသိုလ်ကျောင်းများပြန်လည် ဖွင့်လှစ်ထားပေးမယ့် တက်ရောက်တဲ့ ကျောင်းသားဦးရေးဟာ နည်းပါးသေးတယ်လို့ သိရပါတယ်။

သတင်း အရင်းအမြစ်Source - CGDN

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T