စားသောက်ကုန်တွေကို အလုအယက် ဝိုင်းဝယ်ကြလို့ ဈေးတွေ တက်နေချိန်မှာ ထူးခြားတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ပေးမယ့် ပြည်သူ တစ်ဦး - Myanmarload

စားသောက်ကုန်တွေကို အလုအယက် ဝိုင်းဝယ်ကြလို့ ဈေးတွေ တက်နေချိန်မှာ ထူးခြားတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ပေးမယ့် ပြည်သူ တစ်ဦး

https://s9.kh1.co/84/847bf44814dfbbb719fbbe93214c7b3b2a4e6a09.jpeg
နေ့စဉ်သတင်းများ
 07-Sep-2021 3pm · 2 months ago

......

ပြည်သူတွေကတော့  ဒီနှစ်အတွင်းမှာ အတော်လေး ဒုက္ခမျိုးစုံကို ရင်ဆိုင်ကြုံတွေ့နေရပါတယ် ။ ပထမလှိုင်းနဲ့ ဒုတိယလှိုင်း ကိုဗစ်ဖြစ်ပွားပြီးချိန်မှာပဲ ရုတ်တရက် ပြောင်းလဲခဲ့တဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် စီးပွားရေးကစလို့ အစစ အရာရာ အဆင်မပြေခဲ့ပါဘူး ။ အခုဆို ကိုဗစ် တတိယလှိုင်းကလည်း တစ်ကျော့ပြန်လည် ရောက်ရှိလာတာကြောင့် ကျပ်တည်းမှုတွေရော ၊ ရောဂါ ကူးစက်ခံရတာတွေရော အစုံကို အားတင်းကာ ဖြတ်သန်းနေရပါတယ် ။

https://s9.kh1.co/__image/w=650,h=488,q=100/fe/fed05472871800041c2fe73b0f9e4e91eb31036e.jpeg
Photo Credit : Ko James Facebook Account
https://s9.kh1.co/__image/w=650,h=882,q=100/c8/c816529e29059063f18e4fd54e2cfb873e39a44b.jpeg
Photo Credit : Ko James Facebook Account

ဒီလိုကာလတွေမှာ စီးပွားဆန်ဆန် တစ်ချို့သောလူတွေက ပြည်သူတွေ လိုအပ်နေကြတဲ့ ကုန်ပစ္စည်းတွေကို ဈေးနှုန်းတွေ အဆမတန် ရောင်းချလာကြတာတွေ့ရပါတယ် ။ ဒုက္ခရောက်နေချိန်မှာ အခွင့်ရေးယူပြီး ခုလိုတွေလုပ်ကြတာ တကယ်ကို မလုပ်သင့်တာတွေပါ ။ ဒါကြောင့်လည်း စေတနာရှင် ပြည်သူတွေက အခမဲ့လှူဒါန်းပေးတာတွေ ၊ လူတိုင်းဝယ်ယူနိုင်တဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချပေးလာကြပါတယ် ။

https://s9.kh1.co/__image/w=650,h=488,q=100/10/1006902c3feaf9be44e50f3ed689963d54992147.jpeg
Photo Credit : Ko James Facebook Account
https://s9.kh1.co/__image/w=650,h=488,q=100/bd/bd61023285e5b3669439106bb891f4dc894a2f76.jpeg
Photo Credit : Ko James Facebook Account

အခုလည်း အခြေအနေတွေ အမျိုးမျိုးကြောင့် စားသောက်ကုန်တွေကို ပြည်သူတွေ အလုအယက်ဝယ်ကြလို့ ဈေးတွေ တက်နေချိန်မှာ စေတနာရှင် ပြည်သူတစ်ဦးက ဟင်းသီဟင်းရွက်အစုံကို ရက်ရက်ရောရော လှူဒါန်းရန် ပြုလုပ်နေတဲ့ ပို့စ်တစ်ခုကိုတွေ့ရပါတယ် ။ တောင်သူတွေ အတွက်ကော ခက်ခဲနေသူတွေပါ ခဏတာ အဆင်ပြေသွားတာမို့ ထူးခြားတဲ့ အလှူလေး တစ်ခုဖြစ်မှာပါ ။ ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို ဝေမျှပေးရင်း အလှူရှင်တွေလည်း ဒီထက်မက လှူနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

https://s9.kh1.co/__image/w=650,h=488,q=100/41/41c356ef312a18e7cdd95c10d5f88bff280d1de6.jpeg
Photo Credit : Ko James Facebook Account
https://s9.kh1.co/__image/w=650,h=488,q=100/b9/b9f9811ba9ccd9a4dfa09dbc2637f874c66d7273.jpeg
Source & Photo Credit : Ko James Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်ဆောင်းပါး