ဆေးရုံဝန်ထမ်းအမျိုးသမီးတွေ ဝတ်စားဆင်ယင်ပုံနဲ့ပတ်သက်ပြီး ထူးဆန်းတဲ့စည်းကမ်းချက်တစ်ခုသတ်မှတ်လိုက်တဲ့ ပါကစ္စတန်နိုင်ငံက ဆေးရုံတစ်ခု

//s9.kh1.co/f6/f6c7a09fa9e77f8e9cbe374aa081d7ecda9a14ae.jpeg
နေ့စဉ်သတင်းများ

 ၀၇-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပါကစ္စတန်နိုင်ငံ၊ ဘာဟာဝဲလ်မြို့ရှိ ဘာဟာဝဲလ် ဝိတိုရိယဆေးရုံ(BVH) တွင် အသစ်ခန့်အပ်လိုက်သော ဆေးရုံအုပ်မှ ဆေးရုံအတွင်း ဂျင်းဘောင်းဘီဝတ်ခြင်းကို တားမြစ်လိုက်ပြီး အမျိုးသမီးဆေးဝန်ထမ်းများအနေဖြင့် ပဝါမဖြစ်မနေခြုံရမယ်လို့ အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဝတ်စားဆင်ယင်ပုံသတ်မှတ်ရခြင်းမှာ အစ္စလာမ်အကြောင်းဟောပြောရန်နဲ့ လူ့အဖွဲ့အစည်းကို ပြုပြင် ပြောင်းလဲရန် ဟု ဆေးရုံအုပ် အသစ်က ပြောကြားခဲ့ကြောင့် နိုင်ငံတကာ သတင်းဌာနများတွင် ဖော်ပြထားကြပါတယ်။ 

Photo Crd-Dawn.com’s Facebook Page 
Photo Crd-Dawn.com’s Facebook Page 
Photo Crd-Dawn.com’s Facebook Page 
Photo Crd-Dawn.com’s Facebook Page 

ခြေချင်းဝတ် အထက်ခါးမြင့် ဘောင်းဘီရှည်၊ကျပ်သောအဝတ်အစားများ၊ ပါးလွှာသော အဝတ်များ၊လက်ကောက် လက်စွပ်များ၊ မိတ်ကပ်ထူထူ လိမ်းခြင်း ၊ ဆံပင်ရှည်များကို မထုံးခြင်း၊ ဒေါက်မြင့်ဖိနပ်များ၊ ခေတ်ဆန်လွန်းသော ဆံပင်ပုံစံများ၊ လက်သည်းနီဆိုးခြင်း၊ ကွင်းထိုးဖိနပ်နှင့် ခြေကျင်းဝတ်ခြင်းတို့ကို မပြုလုပ်ဖို့ ဆေးရုံအုပ်မှ တင်းကျပ်စွာ စည်းကမ်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ခွဲစိတ်ခန်းကို ဝင်ကြရမယ့် အမျိုးသမီးဆေးဝန်ထမ်းများအနေနဲ့ ရတနာအသေးစားလေးများတပ်ထားတဲ့ ခြုံလွှာ၊ပဝါတို့နှင့်အတူ ခွဲစိတ်ခန်းဝတ် ကုတ်အင်္ကျီများဝတ်ဆင်ရန်နှင့် သားဖွားဝတ်စုံများကို ဆေးရုံစည်းကမ်းတွင် မဖြစ်မနေဝတ်ဆင်ခိုင်းထားတာလည်း ဖြစ်ပါတယ်။

Photo Crd-Dawn.com’s Facebook Page 
Photo Crd-Dawn.com’s Facebook Page 
Photo Crd-Dawn.com’s Facebook Page 
Photo Crd-Dawn.com’s Facebook Page 

ထိုသို့ စည်းကမ်းချက်တွေ ထုတ်ပြန်ရခြင်းမှာ အစ္စလာမ်အကြောင်း ဟောပြောရန်၊ ဘာသာရေးတန်ဖိုးများ မြှင့်တင်ရန်နှင့် လူ့အဖွဲ့အစည်းကိုပြုပြင်ပြောင်းလဲရန်အတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြည်ပသတင်းဌာနတစ်ခုရဲ့သတင်းတွင် ရေးသားထားတာ ဖြစ်ပါတယ်။ ပြင်းထန်လွန်းတဲ့ စည်းကမ်းချက်တွေကြောင့် ဆေးရုံဝန်ထမ်းအမျိုးသမီးအများစုကတော့ ကျေနပ်ခြင်းမရှိကြပါဘူး။ ဒီသတင်းဟာ လတ်တလောလူမှုကွန်ယက်တွင် လူပြောများနေတာကြောင့် ပရိသတ်တွေ သိရှိစေဖို့ တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Dawn.com’s Facebook Page 

Photo Crd-Dawn.com’s Facebook Page 
Photo Crd-Dawn.com’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T