ပြင်သစ်နိုင်ငံရဲ့ နာမည်ကြီးဂျာနယ်လစ်ဓာတ်ပုံပြပွဲမှာ "Visa d'Or for News"ဆုကြီးကို ချီးမြှင့်ခြင်းခံရတဲ့ မြန်မာနိုင်ငံက ဓာတ်ပုံဆရာတစ်ဦး

//s9.kh1.co/32/326ec7ac8807fb1f168ac06c08ef6214afa0fa53.jpg
နေ့စဉ်သတင်းများ

 ၀၅-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ပြင်သစ်နိုင်ငံမှာ နှစ်စဥ်ကျင်းပတဲ့ နာမည်ကြီး ဂျာနယ်လစ်ဓာတ်ပုံပွဲဖြစ်သည့် "Visa Pour L'Image" ပွဲတော်မှာ မြန်မာနိုင်ငံက အမည်မသိဓာတ်ပုံဆရာတစ်ဦးက "Visa d'Or for News" ထိပ်တန်းဆုကြီးရရှိခဲ့တယ်လို့ နိုင်ငံတကာသတင်းများရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။ မြန်မာဓာတ်ပုံဆရာတစ်ဦးဟာ ၎င်းရဲ့လုံခြုံရေးများအရ အမည်မဖော်ပြတာဖြစ်ပြီး အဆိုပါဆုကို The New York Times ရဲ့ အာရှဓာတ်ပုံအယ်ဒီတာ Mikko Takkunen က ဓာတ်ပုံဆရာရဲ့ ကိုယ်စား လက်ခံယူထားခဲ့ပါတယ်။

Photo Credit- Journalism
Photo Credit- Journalism

Mikko Takkunen ကတော့ “သူက နိုင်ငံတွင်းမှာ အတော်ဆုံး ဓာတ်ပုံဆရာတွေထဲက တစ်ယောက်ဖြစ်နိုင်ပါတယ်။ ဒီဆုကိုရတာ အရမ်းကို ဂုဏ်ယူပျော်ရွှင်နေပါတယ်” ဟု ကိုယ်စားပြောကြားခဲ့ပါတယ်။ အဆိုပါ အမည်မသိ မြန်မာဓာတ်ပုံဆရာကလည်း ၎င်းရရှိသောဆုကို "မြန်မာနိုင်ငံရဲ့ ခက်ခဲလွန်းတဲ့ အခြေအနေအောက်မှာ ရုန်းကန်လုပ်ကိုင်လျက်ရှိသော ဘဝတူ သတင်းသမားများ၊ ဓာတ်ပုံသမားများအတွက် ရည်ရွယ်တယ်.....။ နေ့တိုင်း လမ်းပေါ်ထွက်ပြီး ကျည်ဆံတွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ အသံဗုံးတွေကြားမှာ အခက်အခဲတွေ အများကြီးကြုံခဲ့တယ်....နောက်ပိုင်း ဓာတ်ပုံဆရာတွေကို စစ်သားတွေက ပစ်မှတ်ထားလာလို့ PRESS အမှတ်အသားနဲ့ အလုပ်လုပ်တာကို ရပ်လိုက်တယ်"ဆိုပြီး ၎င်းတို့ရဲ့ အတွေ့အကြုံကို ပြောပြခဲ့တယ်လို့ သိရပါတယ်။

Photo Credit- Journalism
Photo Credit- Journalism

မြန်မာဓာတ်ပုံဆရာတစ်ဦးရဲ့ ဓာတ်ပုံတွေဟာ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ(၁)ရက်နေ့ကနေစတင်ပြီး စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြနေကြတဲ့အရပ်သားပြည်သူများ ၊ စစ်သားများမှ သေနတ်အစစ်များဖြင့် ပစ်ခတ်နေပုံများ၊ ဆန္ဒပြသူများမှ ကျောက်ခဲများကိုင်ထားပုံများ၊ သတ်ဖြတ်ခံရသူများရဲ့ မိသားစုများ၏ ပူဆွေးသောကများကို မှတ်တမ်းတင်ထားကြောင်း သိရပါတယ်။

Photo Credit- Journalism
Photo Credit- Journalism

သတင်း အရင်းအမြစ်Source - The Hindu

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T