ကုလသမဂ္ဂက ပေးမယ့် တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး သုံးသန်းကို လက်မခံကြောင်း ငြင်းဆန်လိုက်တဲ့ မြောက်ကိုရီးယား

//s9.kh1.co/67/677610f80bcf646cafad75cba6e35f850e545820.jpeg
နေ့စဉ်သတင်းများ

 ၀၄-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

Covid 19 ကပ်ရောဂါဆိုးကြီးနဲ့ ပတ်သက်ပြီး နိုင်ငံတော်တော်များများဟာ စီးပွားရေး လူမှုရေးနဲ့ ကျန်းမာရေးတွေအပြင် အစစအရာရာ အထိနာခဲ့ကြရပါတယ်။ ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ကာကွယ်ဆေးရရှိဖို့အတွက် နိုင်ငံတော်တော်များများကြိုးစားနေကြပေမယ့် မြောက်ကိုရီးယားနိုင်ငံကတော့ ကုလသမဂ္ဂက ပေးမယ့် ကိုဗစ်ကာကွယ်ဆေးကို ငြင်းပယ်ခဲ့ပါတယ်။

Photo Credit - FOX 13 News 
Photo Credit - FOX 13 News 

ကုလသမဂ္ဂက ပေးအပ်မယ့် တရုတ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး သုံးသန်းနီးပါးကို အခြားနိုင်ငံသို့ လွှဲပြောင်းပေးအပ်ဖို့ မြောက်ကိုရီးယားက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ သူတို့ကိုပေးမယ့် ကာကွယ်ဆေးတွေကို ရောဂါကူးစက်မှုဒဏ်တွေ အကြီးအကျယ်ရင်ဆိုင်နေရတဲ့ အခြားနိုင်ငံများသို့ လွှဲပြောင်းပေးဖို့ မြောက်ကိုရီးယားက တောင်းဆိုခဲ့တယ်လို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာလ (၁)ရက်နေ့က ပြောကြားခဲ့ပါတယ်။

Photo Credit - FOX 13 News 
Photo Credit - FOX 13 News 

ဆင်းရဲတဲ့နိုင်ငံတွေအတွက် ကာကွယ်ဆေးများရရှိစေဖို့အနေနဲ့ ကုလသမဂ္ဂဦးဆောင်တဲ့ Covax အစီအစဉ်မှတစ်ဆင့် မြောက်ကိုရီးယားသို့ တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ကာကွယ် ဆေးတွေကို ပေးအပ်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ကုလမသဂ္ဂရဲ့ ကာကွယ်ဆေးပေးအပ်မှုကို အခုလိုငြင်းပယ်ခဲ့တာဟာ ပထမဆုံးအကြိမ် မဟုတ်ဘဲ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း AstraZeneca ကာကွယ်ဆေး နှစ်သန်းပေးပို့မှုကိုလည်း ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ငြင်းဆန်ခဲ့ပါသေးတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader

သတင်း အရင်းအမြစ်FOX 13 News


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T