Sticker တွေနဲ့ပဲ ပြုလုပ်ထားတဲ့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကြီး

//s9.kh1.co/11/1125b3e98992342e1bd10d8d3dba7d808e935d6e.jpg
ဗဟုသုတအဖြာဖြာ

 ၂၅-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာပေါ်က လူတော်တော်များများဟာ မိမိတို့ဘ၀မှာ စံချိန်တစ်ခုတင်ဖို့ ကြိုးစားကြလေ့ရှိပါတယ်။ မိမိတို့ရဲ့ အားစိုက်မှု ကြိုးစားမှုတွေကို အသိအမှတ်ပြုခံရဖို့လည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲလူတွေဟာ သူများတွေမလုပ်တာကို ပြုလုပ်တက်ကြလေ့ရှိပြီး စံချိန်တင်ဖို့ ကြိုးစားကြပါတယ်။ ရှိပြီးသား စံချိန်တွေကိုလည်း ချိုးနိုင်ဖို့ ပြုလုပ်ကြလေ့ရှိပါတယ်။ အဲ့ဒီထဲကမှ ခုဆိုရင်လည်း သူများတွေနဲ့မတူအောင်ပြုလုပ်ပြီး ဘယ်သူမှမတွေးမိတဲ့ အတွေးတစ်ခုကိုပြုလုပ်ကာ စံချိန်တင်ခဲ့တဲ့ အကြောင်းကို ဖော်ပြမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/93/9300044120f4cbaace0d744f7c796095cbb43324.jpg
https://s9.kh1.co/__image/w=600,h=338,q=100/3e/3ea92daea4dc37a66c855dfcb13b1f21df6eed9f.jpg

အမေရိကန်နိုင်ငံက Sticker ကုမ္ပဏီတစ်ခုဟာ ကမ္ဘာ့အကြီးဆုံး Sticker ဘောလုံးကိုဖန်တီးခဲ့ပါတယ်။ အဲ့ဒီကုမ္ပဏီရဲ့ စီးအီးအိုနဲ့သူ့ရဲ့အဖွဲ့ဝင်များဖန်တီးထားတဲ့ အဆိုပါဧရာမ Sticker ဘောလုံးကြီးဟာ ဂင်းနစ်မှတ်တမ်းစာအုပ်ထဲမှာ ပါ၀င်သွားခဲ့ ပြီပဲဖြစ်ပါတယ်။ Sticker ဘောလုံးကြီးကိုဖန်တီးရာတွင် Sticker ပေါင်း ၂၀၀၀၀၀ ၀န်းကျင်အသုံးပြုထားပီး အလေးချိန်မှာ ၂၃၁ပေါင်လောက်ရှိပါတယ်။

https://s9.kh1.co/__image/w=600,h=407,q=100/eb/ebe76a5ebb3a677d8b89ecb51d81c563b5622b55.jpg
https://s9.kh1.co/__image/w=600,h=407,q=100/98/9823db36ca23fcccd1e57db3ae894e5c131cd106.jpg

Sticker များဖြင့်ပြုလုပ်ထားတဲ့ ဘောလုံးကြီးဟာ ကြည့်ရှုသူများကို အံ့ဩပျော်ရွှင်မှုတွေ ပေးစွမ်းနိုင်ခဲ့ပါတယ်။ ဒီဘောလုံးကြီးကိုဖန်တီးခဲ့တဲ့ Sticker Giant Company မှ စီအီးအို ဂျွန်ဖစ်ချာကတော့ သူ့အနေနဲ့ Sticker တွေကိုချစ်မြတ်နိုးတာကြောင့် ခုလိုဘောလုံးကြီးကို ဖန်တီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပရိသတ်ကြီးလည်း မိမိချစ်မြတ်နိုးရာ ဝါသနာပါရာကိုပြုလုပ်ရင် တစ်နေ့မှာအောင်မြင်နိုင်ပါတယ်။

https://s9.kh1.co/__image/w=600,h=407,q=100/ce/ce097f869e38178410f051211f0e5429bcf0dc92.jpg
https://s9.kh1.co/__image/w=600,h=405,q=100/71/71966a9057735cd140be964fac96ca20c3eab96a.jpg

သတင်း အရင်းအမြစ်Guinness World Records

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T