ပဲရစ်မြို့ဆိုရင် Eiffel Tower ကို အားလုံးပဲပြေးမြင်ပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ဒီလောက်လှပတဲ့ ဂီတစာပေမြို့တော်လေး ပဲရစ်ရဲ့ မြေအောက်မှာ လူပေါင်း (၆)သန်းလောက်ရဲ့ ခေါင်းတွေကို စီရီထားတဲ့ ပြတိုက်တစ်ခုရှိတာကိုတော့ လူတွေသိပ်မသိကြပါဘူး။ ဒီပြတိုက်ဘယ်လိုဖြစ်လာတာလဲဆိုရင် ပဲရစ်မြို့မှာ လူဦးရေများပြားခဲ့တဲ့ လူးဝစ်ဘုရင်တွေလက်ထက်ကစခဲ့တာပါပဲ။ ဒါကြောင့် သင်္ချိုင်းတွေမှာ အုတ်ဂူတွေဆိုတာ အများကြီးပါပဲ။ ပဲရစ်မြို့ကိုစည်ကားအောင် မြို့တည်ဆောက်ဖို့ထုံးကျောက်တွေကိုတူးတဲ့အခါမှာတော့ မိုင်းတွင်းအဟောင်းထဲမှာမြှုပ်ထားခဲ့တဲ့ ဒေသခံတွေရဲ့ သင်္ချိုင်းဟောင်းကြီး ပေါ်လာခဲ့ပါတယ်။
ဒီမိုင်းတွင်းဟောင်းတွေထဲက လူအရိုးစုပေါင်း(၆)သန်းလောက်ပေါ်လာပြီး အနံ့ဆိုးတွေက ပဲရစ်မြို့ကိုဝါးမြိုခဲ့ပါတယ်။ ဒါကြောင့် လူးဝစ်ဘုရင် (၁၅)ဟာ မြို့တော်အတွင်းမှာ အလောင်းတွေကို မြေမမြှုပ်ဖို့အမိန့်ထုတ်ကာ သင်္ချိုင်းတွေအားလုံးကိုဖယ်ထုတ်ဖို့လုပ်ခဲ့ပါတယ်။ ဒါပေမယ့် မိုးသည်းစွာရွာသွန်းတာကြောင့် သင်္ချိုင်းဂူရဲ့ နံရံတွေပြိုပြီး အလောင်းတွေထက်မံထွက်ပေါ်လာကာ ပဲရစ်မြို့ရဲ့ လမ်းမပေါ်မှာအလောင်းတွေပြည့်ပြီး သွေးပျက်ထိတ်လန့်စရာအဖြစ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါနဲ့ပဲ ဒီအလောင်းတွေအားလုံးကို မြေအောက်သင်္ချိုင်းလုပ်ပြီး မြှုပ်ဖို့တိုင်ပင်ကာ အကောင်အထည်ဖော်ခဲ့ကြပါတယ်။ ဒီမြို့မှာ ဘိုးစဉ်ဘောင်ဆက်နေပြီး သေဆုံးခဲ့တဲ့ လူဦးရေ(၆) သန်းလုံးရဲ့အလောင်းတွေဟာ ဒီမြေအောင်ဂူသင်္ချိုင်းထဲမှာ တစ်စုတစ်စည်းနဲ့ လုပ်ဖို့ကြိုးစားခဲ့ကြပေမယ့် အလောင်းရွေ့တာနဲ့တင် နှစ်ပေါင်း(၁၂)နှစ်နီးပါးကြာမြင့်ခဲ့ပါတယ်။
အခုအချိန်မှာတော့ ဒီထိတ်လန့်ဖွယ်အဖြစ်ဆိုးတွေကနေ ပဲရစ်မြို့ကြီးဟာလွတ်မြောက်ခဲ့ပြီဖြစ်ပြီး မြေအောက်မှာတော့ ဒီလူအရိုးတွေကိုပြတိုက်လုပ်ကာ စနစ်တကျ ခင်းကျင်းပြသထားပါတယ်။ ဒါပေမယ့် ကြောက်မက်ဖွယ်ရာအခြေအနေတွေတော့ရှိနေပါသေးတယ်။ ဒီပြတိုက်ထဲမှာ လူဦးရေသန်းနဲ့ချီတဲ့ ဝိဉာဉ်တွေနဲ့သရဲတွေ ရှိနေတာမို့ ဒီပြတိုက်ထဲကို ကလေးတွေမဝင်ဖို့ရယ် သတိပေးထားတဲ့နေရာတွေကို မသွားဖို့ရယ် အထူးတားမြစ်ထားပါတယ်။ သွားမယ်ဆိုရင်တော့ လူသေတဲ့အထိပါဖြစ်ခဲ့တာမို့တကယ်ကြမ်းတဲ့နေရာပါပဲ။ ဒီပြတိုက်ရဲ့ ဝင်ပေါက်ကတော့ မြို့လည်က ဒန်ဖာရိုချရူဘူတာရုံဘေးလမ်းနားမှာပဲရှိတဲ့အတွက် လေ့လာချင်တဲ့သူတွေလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။
သတင်း အရင်းအမြစ်៖ Unusual Places