၁၁နှစ်လောက်ကြာ ရွာနဲ့ကွဲကွာခဲ့ပြီး ပြန်ရောက်လာချိန် တစ်ရွာလုံးလူတွေ ပျောက်ဆုံးနေကာ အရုပ်တွေနဲ့သာ ပြည့်နှက်နေခဲ့တဲ့ ဂျပန်နိုင်ငံက ရွာတစ်ရွာ

//s9.kh1.co/e0/e08a31c34ec13fc914fab68f9d3cee7d457616a2.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-သြ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

အခုဖော်ပြမယ့် အကြောင်းကတော့ ဖြစ်ရပ်မှန်တစ်ခုလည်းဖြစ်ပြိး ထိတ်လန့်ဖွယ်ရာလည်း ကောင်းလှတဲ့ ရွာလေးပဲဖြစ်ပါတယ်။ တစ်ရွာလုံးမှာ လူဆိုလို့ အမျိုးသမီးတစ်ယောက်တည်းသာရှိပြီး အရုပ်တွေနဲ့သာ ပြည့်နှက်နေတဲ့ ရွာကြီးတစ်ရွာ အပြင်မှာ တစ်ကယ်ရှိတယ်ဆိုရင် သင့်အနေနဲ့ ယုံကြည်နိုင်မှာပါလား။ ဒီရွာကိုတော့ နာဂိုရို အရုပ် ရွာလို့ခေါ်ပြီး ဂျပန်နိုင်ငံ ရှီကိုကုနားမှာ ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=364,q=100/b2/b28daaccb9c7d225742667fc61e032495ea6516b.jpg
https://s9.kh1.co/__image/w=650,h=368,q=100/56/56db4a0cac5894e818c059d3f9582eaf4ccdbb18.jpg
https://s9.kh1.co/__image/w=650,h=365,q=100/41/41cdf8f1b92271d68aa425a3c7fc73c2a3d2d82d.jpg

ရွာမှာ နေထိုင်သူ အမျိုးသမီး TsukimiAyano ဟာ ရွာနဲ့ ၁၁ နှစ်ကွဲကွာခဲ့ပြီး တစ်နေ့ အိမ်ပြန် လာတဲ့အခါမှာတော့ တစ်ရွာလုံးမှာ လူတွေ တစ်ယောက်မှ မရှိကြတော့ပါဘူး။ အခြားဒေသတွေမှာ အလုပ်တွေသွားလုပ်ကြတာလား.... သေကုန်ကြတာလား ဒါမဟုတ် ကပ်ရောဂါကြောင့် လူတွေမနေတော့တာလားတော့ဆိုတာ ဘယ်သူမှ မသိကြပါဘူး။ အဲ့ဒီအမျိုးသမီးဟာ ရွာထဲမှာ လူတွေမရှိတော့တာကြောင့် အထီးကျန်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါနဲ့ သူ့ရဲ့ အထီးကျန်တဲ့ ဘဝကို ဖြတ်သန်းဖို့ ပထမဆုံးသူဟာ သူ့ရဲ့အဖေအရုပ်ကို အရင်စလုပ်ခဲ့မိပါတယ်။

https://s9.kh1.co/__image/w=600,h=375,q=100/ba/baecd11cfc3b558905c0e92d04d2f6409ed5ea23.jpg
https://s9.kh1.co/__image/w=650,h=365,q=100/0a/0a16da333df05419475bb2c4b279cdda16d0a51d.jpg
https://s9.kh1.co/__image/w=650,h=365,q=100/a2/a2166e38ea922938f694b38761f1fa76b66c9c81.jpg

အဲ့နောက် အကြံရပြီး တခြားမိသားစုအရုပ်တွေပါ လုပ်ပေးရင်း နောက်ဆုံး ငါးမျှားနေတဲ့အရုပ်lအဖိုး အဖွားအရုပ်၊ ကနေတဲ့အရုပ် l လယ်စိုက်နေတဲ့အရုပ် ကျောင်းစာသင်နေတဲ့အရုပ် စတာ တွေကို ဖန်တီးပြီး တစ်ကိုယ်တည်း နေထိုင်ခဲ့ပါတယ်။ သူ့အတွက်တော့ ဘာမှမထူးဆန်းပေမဲ့ အသည်းငယ်တဲ့ သူတွေ အတွက်ကတော့ စိတ်လှုပ်ရှားပြီး ကြောက်စရာ ကောင်းတဲ့ ရွာတစ်ရွာ အဖြစ် နာမည် ကြီးလာပါတော့တယ်။ အဲ့ရွာကို အလည်သွားမယ်ဆိုရင် အရုပ်တွေက သင့်ကိုစိုက်ကြည့်နေကြပါလိမ့်မယ်။ လူအများစုကတော့ သူမကို ပျောက်ကွယ်သွားတော့မယ့် ရွာလေးကို ပြန်လည်ရှင်သန်စေခဲ့တဲ့သူဆိုပြီး အသိအမှတ်ပြုခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=365,q=100/66/6631b13b5d19951bed10d16e552c7e18a13bb895.jpg
https://s9.kh1.co/__image/w=650,h=364,q=100/0b/0bb1d5e158ef0834c142e7aa12ad50ce32a589b4.jpg
https://s9.kh1.co/__image/w=650,h=364,q=100/57/5706cdb4e19c19aa179b9df5d4469f93ce050fab.jpg
https://s9.kh1.co/__image/w=650,h=365,q=100/5d/5d3fae6acd1449cfe244d0120c0afa526dd54fb7.jpg
https://s9.kh1.co/__image/w=650,h=364,q=100/1b/1b735b0fdf5d71a819a37dce9acadd970aa44bf5.jpg
https://s9.kh1.co/__image/w=650,h=364,q=100/69/69c3d0908381a12147c2772a3bb7d944ecb2fa60.jpg
https://s9.kh1.co/__image/w=650,h=364,q=100/6c/6c55bdd69996a1ebbc5c1ef3c98f2142079f348a.jpg
https://s9.kh1.co/__image/w=650,h=364,q=100/b5/b5eae0b7786686f16acf72248dc78bb550a86d77.jpg
https://s9.kh1.co/__image/w=650,h=366,q=100/29/2933ac931582c9379afde161a2427cc04902e8d4.jpg

သတင်း အရင်းအမြစ်Unusual Places

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T