ချစ်သူရည်းစားတွေဖြစ်နေပြီဖြစ်ကြောင်း ၀န်ခံခဲ့ကြတဲ့ Red velvet အဖွဲ့၀င် Joy နဲ့ အဆိုတော် Crush - Myanmarload

ချစ်သူရည်းစားတွေဖြစ်နေပြီဖြစ်ကြောင်း ၀န်ခံခဲ့ကြတဲ့ Red velvet အဖွဲ့၀င် Joy နဲ့ အဆိုတော် Crush

https://s9.kh1.co/c5/c56276b26c738df7b90efa86a8768a638769d05d.jpg
ဖျော်ဖြေရေးများ
 23-Aug-2021 4pm · 2 months ago

.

Korea industry မှာ idol အချင်းချင်း ချစ်သူဖြစ်သွားကြတဲ့ အနုပညာရှင်စုံတွဲတွေများစွာရှိကြပါတယ်။ တစ်ချို့စုံတွဲတွေကတော့ တရား၀င်ပရိသတ်တွေကိုအသိပေးကာ တွဲကြသလို တစ်ချို့ကလည်း privacy ဆန်ဆန်လျှို့ဝှက်စွာ တွဲကြတဲ့သူတွေလည်းရှိကြပါတယ်။ ဒီကနေ့မှာဆိုရင်လည်း တောင်ကိုရီးယားရဲ့ နာမည်ကြီးမိန်းကလေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Red velvetအဖွဲ့၀င် Joyနဲ့ Hip hop အဆိုတော်တစ်ယောက်ဖြစ်တဲ့ Crush တို့နှစ်ဦး တွဲနေပြီဖြစ်ကြောင်းသတင်းထွက်ရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=380,q=100/23/23cb4d56c4142572a927491fce872593ab11966d.jpg
Photo credit-Twitter

၎င်းတို့နှစ်ဦးဟာ မေလပိုင်းကသီချင်းခွေအတွက် အလုပ်အတူတူလုပ်ခဲ့ကြပြီး ခွေးလေးတွေလည်းရှိတာကြောင့် ခွေးလေးတွေရဲ့ပိုင်ရှင်အဖြစ်ကနေ သူတို့ရဲ့အချစ်ရေးအစပြုခဲ့ကြတာဖြစ်ပါတယ်....။

https://s9.kh1.co/__image/w=650,h=434,q=100/a2/a2e0eb60a26ef83165091078db4cf1c8d0d74a77.jpg
Photo credit-Twitter
https://s9.kh1.co/__image/w=650,h=650,q=100/40/40786053e27445770f933c71e7abf5c5f25ca48b.jpg
Photo credit-Twitter

Crush ရဲ့ Entertainment ဖြစ်တဲ့ P Nation ကလည်း သူတို့နှစ်ဦးရဲ့အချစ်ရေးကိုတရား၀င်အတည်ပြုပေးခဲ့ပြီး Joy ရဲ့ Entertainment ဖြစ်တဲ့ SM Entertainment ကလည်း အတည်ပြုပေးခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

https://s9.kh1.co/__image/w=650,h=867,q=100/36/36be4b30b76d9c83f19cab491a5f3c80efda488c.jpg
Photo credit-Twitter

သတင်းအရင်းအမြစ်Twitter

Hnin Yee Ywal
Ywal

ဆက်စပ်ဆောင်းပါး