မကြာခင်မှာ ထွက်ရှိလာတော့မယ့် tvNရဲ့ဒရမ်မာအသစ်ဖြစ်တဲ့ Hometown ChaChaChaမှာ အတူမြင်တွေ့ရမယ့် Shin Min Ahနဲ့ Kim Seon Ho - Myanmarload

မကြာခင်မှာ ထွက်ရှိလာတော့မယ့် tvNရဲ့ဒရမ်မာအသစ်ဖြစ်တဲ့ Hometown ChaChaChaမှာ အတူမြင်တွေ့ရမယ့် Shin Min Ahနဲ့ Kim Seon Ho

https://s9.kh1.co/c2/c277fdc4517535f9dd0874804fe9590f35dedb82.jpg
ဖျော်ဖြေရေးများ
 17-Aug-2021 3pm · 2 months ago

.

tvN ရဲ့အသစ်ထွက်ရှိလာမယ့်ပင်လယ်ကမ်းစပ်အချစ်ဒရမ်မာလေးဖြစ်တဲ့ 'Hometown ChaChaCha' သည် မကြာသေးမီက Shin Min Ah, Kim Seon Ho နှင့် Lee Sang Yi တို့၏ဇာတ်ကောင်ပိုစတာအသစ်များကိုထုတ်ဖော်ပြသခဲ့တာကို တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=325,q=100/80/80f4dde0d2e13a05d95e95ee3af2ebb87b024a1b.jpg
Photo credit-Twitter

Shin Min Ah သည်လှပထက်မြက်ပြီးပြီးပြည့်စုံတဲ့ မြို့ကြီးသူတစ်ယောက် Yoon Hye Jinအနေနဲ့ ပါ၀င်သရုပ်ဆောင်ထားပြီး သူမဟာ အလုပ်များပြီးရှုပ်ထွေးလှတဲ့သူမရဲ့ဘ၀ကို ငြီးငွေ့လာခဲ့ပြီးနောက်မှာ ပင်လယ်ကမ်းစပ်မြို့လေးဖြစ်တဲ့ Gongjin ကိုရောက်ရှိလာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=918,q=100/c2/c2897c207735294b01e9f16a2657adf19b4aef79.jpeg
Photo credit-Twitter
https://s9.kh1.co/__image/w=650,h=918,q=100/c3/c32ff7a36f0fa1b4d1b08f5282f4f191e4bb75d3.jpeg
Photo credit-Twitter

Kim Seon Hoကတော့ Main Leadအနေနဲ့ပါ၀င်သရုပ်ဆောင်ထားပြီး အလုပ်အကိုင်အတည်အကျမရှိတဲ့လူငယ်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပြီး Gongjinရွာကသူတွေ ဒုက္ခရောက်တိုင်း ကူညီပေးတတ်တဲ့ Hong Doo Sik အဖြစ်ပါ၀င်ထားပါတယ်။ ဒီဒရမ်မာလေးကို ဩဂုတ်လ ၂၈ရက်မှာထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး Netflixကနေလည်းကြည့်ရှုလို့ရပါတယ်။

https://s9.kh1.co/__image/w=650,h=917,q=100/b2/b23696a4028242baad2573ccce5a52fdd3549197.jpg
Photo credit-Twitter

သတင်းအရင်းအမြစ်Twitter

Hnin Yee Ywal
Ywal

ဆက်စပ်ဆောင်းပါး