လူအများရဲ့ ဝေဖန်မှုကို ခံခဲ့ရပေမယ့်လည်း ကလေး လေးမြွှာပူမွေးဖွားနိုင်ခဲ့သူ

//s9.kh1.co/d3/d34b9cb84247f9a36e958678459113ccf692ef78.jpg
ဗဟုသုတအဖြာဖြာ

 ၃၀-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာပေါ်မှာ သူများနဲ့မတူ ထူးခြားတဲ့ အဖွားအိုး များစွားးရှိပါတယ်။ အဲ့အဖွားအိုးတွေထဲကမှ "Annegret Raunigk" အမည်ရှိတဲ့ အဖွားအိုအကြောင်း တင်ဆက်ပေးသွားမှာပါ။ အကြောင်းအရင်းကတော့ သူမဟာ ကမ္ဘာ့အသက်ကြီးဆုံး မိခင်များစာရင်းထဲမှာ ထည့်သွင်းဖော်ပြထားခြင်း ခံရလို့ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/fc/fcf37a219dc6bdb9d247a14a5ceba0bc3208123c.jpg
https://s9.kh1.co/__image/w=650,h=366,q=100/5d/5dec9bf9bd41b0d07e6e6cb91913455c8b39b9a9.jpeg

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့က အသက် ၆၅ နှစ်အရွယ် "Annegret Raunigk" ဆိုသူဟာ၂၀၁၅ ခုနှစ် မေလမှာ လေးမြွာပူး မွေးဖွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ အသက်အကြီးဆုံး လေးမြွာပူး ကလေးမွေးဖွားတဲ့ မိခင်ဖြစ်ခဲ့ပါတယ်။ သူဟာ အိမ်ထောင်ငါးကြိမ်ကျခဲ့ပြီး သားသမီး ၁၃ ယောက်ရှိခဲ့ကာ လက်ရှိအချိန်မှာတော့ အိမ်ထောင်မရှိသူ (Single Mother) တစ်ဦးအဖြစ် ရပ်တည်နေရာမှ လေးမြွာပူး မွေးခဲ့သဖြင့် သားသမီး ၁၇ ယောက်ရဲ့ မိခင်ဖြစ်လာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/40/40d90856bb6dac52f8eca593e90c45fddd0d4bfe.jpg
https://s9.kh1.co/__image/w=650,h=366,q=100/1d/1dbcd9bd6bd8ad62708d463ab59bf3b7b1698f5e.jpeg

ဂျာမနီနိုင်ငံက ဆရာဝန်များဟာ "Annegret Raunigk" ရဲ့ ခန္ဓာကိုယ်ဟာ သန္ဓေသားကို လွယ်ထားရန် ကြံ့ခိုင်မှု မရှိနိုင်မှာကို စိုးရိမ်ပူပန်ခဲ့ကြပါတယ်။ ဒါကြောင့်မလို့ ခန္ဓာကိုယ် ပြင်ပမှာ မျိုးအောင်စေရန် ပြုလုပ်ခဲ့တဲ့ သန္ဓေသားကို သူမရဲ့ သားအိမ်အတွင်းသို့ ထည့်သွင်းပေးရန် ကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမယ့် သူမက ငြင်းဆိုခဲ့ပြီး ယူကရိန်းနိုင်ငံမှ ဆရာဝန်တစ်ဦးက အဲ့ဒီကိစ္စကို ဆောင်ရွက်ပေးရန် သဘောတူခဲ့တာကြောင့် သူမဟာ တစ်ကိုယ်ကောင်းဆန်ပြီး ရူးသွပ်သူဖြစ်ကြောင်း ဝေဖန်ပြစ်တင်မှုများ ရှိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အဲ့ဒီအမျိုးသမီးဟာ လူတိုင်းမှာ မိမိတို့ ဆန္ဒရှိတဲ့အတိုင်း ရှင်သန်နေထိုင်လို့ရကြောင်း တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/58/584512c224b1b71f70c680c0f3baf9111d9183d9.jpg

သတင်း အရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T