သင်လုံးဝထင်မှတ် မထားလောက်အောင် သင်္ဘောရွက်ရဲ့ အံ့အားသင့်စရာကောင်းတဲ့ အကျိုးကျေးဇူးများ.....

//s9.kh1.co/dd/dded74f7f16839551b51491db4a05eb7649f3fd7.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၁၁-ဖေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

လူအများစုက သင်္ဘောသီးကို စားသုံးကြပေမဲ့ သင်္ဘောရွက်ရဲ့ အသုံးဝင်ပုံနဲ့ ရလာမယ့် ကောင်းကျိုး၊ ဆိုးကျိုးတွေကို ထင်မှတ်မထားဘဲ သိသလောက်နည်းပါးကြပါတယ်။ တကယ်တော့ သင်္ဘောရွက်ဟာ ကျွန်တော်တို့ သက်ရှိတွေကို ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပြီး အကျိုးပြုစေတဲ့ အရာတစ်ခုဆိုရင်လည်း မမှားပါဘူး ။ သင်္ဘောရွက်မှာကယ်လစီယန် ၊ သံဓာတ် ၊ မဂနီစီယန် ၊ဗီတာမင်C ၊ ဗီတာမင် E ၊ ဗီတာမင် K များစွာပါဝင်တယ်လို့လည်း သိထားရပါတယ်။

Photo Credit - google. com
Photo Credit - google. com
Photo Credit - google. com
Photo Credit - google. com

သင်္ဘောရွက်ရဲ့ အကျိုးကျေးဇူးတွေကတော့ သင်ဘောရွက်ကို ဖျော်ရည်(သို့) ပြုတ်ပြီးစားသုံးခြင်း(သို့)နေခြောက်လှန်းပြီး ရေနွေးကြမ်းအနေနဲ့ သောက်သုံးခြင်းဖြင့် (၁) အစာချေစနစ်ကောင်းမွန်ခြင်း (၂) အူမကြီးလမ်းကြောင်းကို ရှင်းလင်းပေးခြင်း (၃) အသည်းနဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေများကို လျော့ချပေးတဲ့အပြင် သွေးလည်ပတ်မှုနဲ့ ကိုယ်ခံအားတိုးအောင်လည်းမြှင့်တင်ပေးပါတယ်။ ဒါ့အပြင် သင်္ဘောရွက်ဟာ ဦးရေပြားခြောက်သွေ့ခြင်းနဲ့ ဗေါက်ထခြင်းကိုလည်း ပျောက်ကင်းစေပါတယ်။ နောက်ထပ်တစ်ခုကတော့ ခြေလက်အဆစ်အမြစ်ကိုက်ခဲတဲ့ သူတွေအတွက်လည်း အရွက်ကို မီးကင်ကပ်ပေးခြင်းဖြင့်လည်း သက်သာပျောက်ကင်းစေတယ်လို့လည်း သိရပါတယ်။

Photo Credit - google. com
Photo Credit - google. com
Photo Credit - google. com
Photo Credit - google. com

သင်္ဘောရွက် ရဲ့ သတိထားစရာတွေကတော့ မကြာခဏ သွေးပေါင်ကျဆင်းတတ်တဲ့သူတွေနဲ့ ကိုယ်ဝန်ဆောင်မိခင် ၊ နို့တိုက်ကျွေးနေတဲ့ မိခင်တွေဟာ စားသုံးခြင်းမပြုလုပ်ရပါဘူးဆိုပြီး သိထားရပါတယ်။ ကဲ..Myanmarload စာဖတ်ပရိသတ်တွေလည်း သင်္ဘောရွက်ရဲ့ အကျိုးကျေးဇူးတွေနဲ့ သတိထားစရာလေးတွေကို ဒီစာလေးကိုဖတ်ရှု့ပြီး အသုံးဝင်စေမယ်လို့ထင်မိပါတယ်။

သတင်း အရင်းအမြစ်Source - google. com

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T