OGA Dota PIT Season 4 ကို DD မပါပဲယှဥ်ပြိုင်သွားရမယ့် Team Aster - Myanmarload

OGA Dota PIT Season 4 ကို DD မပါပဲယှဥ်ပြိုင်သွားရမယ့် Team Aster

https://s9.kh1.co/c6/c6f54bdb2605be899c02aaa5dd0756be3a450904.jpg
အားကစားသတင်းများ
 04-Dec-2020 10am · a year ago

.

https://s9.kh1.co/__image/w=600,h=600,q=100/29/297b3dd9e57e3fbf5910ac5a483e83660c229c91.jpg
Photo credit - liquipedia

Team Aster ကတော့ OGA Dota PIT Seaso 4 ဝင်ရောက်ယှဥ်ပြိုင်မယ့် သူတို့ရဲ့ roster update တစ်ခုကိုကြေညာခဲ့ပါတယ်။

Team Aster ရဲ့ကြေညာချက်အရတော့ mid player ဖြစ်သူ DD ဟာသူ့ရဲ့ personal ပြသနာကြောင့် ဒီပြိုင်ပွဲကို အသင်းနဲ့အတူ ဝင်ရောက်ယှဥ်ပြိုင်မှာမဟုတ်ဘူး။

သူ့ရဲ့နေရာမှာ Team Sirus က mid player "phoenix" ကိုအစားထိုးပီး ယှဥ်ပြိုင်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

ဒါ့ကြောင့် OGA Dota PIT Season 4 ဝင်ရောက်ယှဥ်ပြိုင်မယ့် Team Aster ရဲ့ roster ကတော့

Po 1- Monet

Po 2- phoenix (stand-in)

Po 3- Xxs

Po 4- BoBoKa

Po 5- LaNm

တို့ပဲဖြစ်ပါတယ်။

Team Aster အနေနဲ့ပြီးခဲ့တဲ့ China Dota2 Pro Cub Season 2 မှာတုန်းက Grand final ထိတက်ရောက်ထားတာဆိုတော့ OGA Dota PIT မှာလည်း ဘယ်အဆင့်ထိ တက်ရောက်နိုင်မလဲက စိတ့ဝင်စားစရာပါပဲ။

သို့ပေမယ့် mid player ကိုအပြောင်းအလဲလုပ်ထားရတာဆိုတော့ အခြေအနေကောင်းပါ့မလားဆိုတာ စောင့်ကြည့်သွားရမှာပါပဲ။

သတင်းအရင်းအမြစ်

Ye Min Oo
Sky

ဆက်စပ်ဆောင်းပါး