Chrysiridia rhipheus လို့ခေါ်တဲ့ Madagascan sunset ပိုးဖလံဟာ Uraniidae မိသားစုက မျိုးစပ် ပိုးဖလံမျိုးစိတ် တစ်ခုပဲ ဖြစ်ပါတယ်။ Madagascan sunset ပိုးဖလံဟာ လိပ်ပြာနဲ့ ပိုးဖလံတို့ပါဝင်တဲ့ စွဲမက်ဖွယ် အကောင်းဆုံး နဲ့ ဆွဲဆောင်မှုအရှိဆုံး lepidoptera မျိုးစိတ်တွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ဒီပိုးဖလံတွေကို တရုတ် သို့မဟုတ် ဘင်္ဂလားမှ လာတယ်လို့ ယူဆခဲ့ပေမယ့် နောက်ပိုင်းမှာတော့ Madagascan မှာ အစုလိုက် တွေ့ရှိခဲ့တာကြောင့် Madagascan sunset moth လို့ ခေါ်တာပဲ ဖြစ်ပါတယ်။ မတ်လ နဲ့ ဩဂုတ်လကြားမှာ အများဆုံး ပေါက်ဖွားတွေ့ရှိရပြီး အောက်တိုဘာလ မှ ဒီဇင်ဘာလကြားမှာ အနည်းဆုံး တွေ့ရကာ တစ်နှစ်ပတ်လုံး တွေ့နိုင်တဲ့ ချစ်စရာ ပိုးဖလံမျိုးစိတ်လေးပဲ ဖြစ်ပါတယ်။
တစ်ခါမွေးဖွားရင် ဥ ၈၀ အထိ ပေါက်ဖွားကြတဲ့ Madagascan sunset mothအရွယ်ရောက်ပြီး တစ်ကောင်ရဲ့ ပျမ်းမျှ အရှည်မှာ အတောင်ပံအပါ ၇ မှ ၉ စင်တီမီတာ ( ၂.၈ မှ ၃.၅ လက်မ ) ရှိပြီး တစ်ခါတစ်ရံ ၁၁ စင်တီမီတာ ( ၄.၃ လက်မ ) အထိ ရှိကြပါတယ်။ ဒီ ပိုးဖလံတွေမှာ လှပပြီး အရောင်အသွေး စုံလင်တဲ့ အတောင်ပံတွေ ပါရှိတာကြောင့် Swallowtail လိပ်ပြာတွေနဲ့ မှားတတ်ပြီး လိပ်ပြာလို့ မကြာခဏ အထင်မှားတတ်ပါတယ်။ Madagascan sunset moth ရဲ့ တောင်ပံအရောင်မှာ အောက်ခံ အနက်ရောင်ရှိပြီး အဖြူရောင် ၊ အနီရောင် ၊ အပြာရောင် ၊ အဝါရောင် နဲ့ အစိမ်းရောင်တို့ ရှိပြီး တော်တော်လေးကို အရောင်စုံလှပါတယ်။
အတောင်ပံအစွန်းမှာ အဖြူရောင် အကြေးခွံတို့နဲ့ ကာရံထားပြီး အနောက်အတောင်ပံမှာ ပိုကျယ်ပါတယ်။ ဒါ့အပြင် အတောင်ပံရဲ့ အောက်ခြေမှာ အမြီး ၆ ခု ပါရှိပြီး ပန်းဝတ်ရည်ကို အဓိက စားသုံးလေ့ ရှိပါတယ်။ ဒါအပြင် Madagascan sunset ပိုးဖလံရဲ့ အတောင်ပံတွေကို ဝိတိုရိယခေတ်မှာ လက်ဝတ်ရတနာများ ပြုလုပ်ရာမှာ အသုံးပြုခဲ့ကြပါသေးတယ်။ နူးညံ့ပြီး သေးငယ်တာကြောင့် ဒီပိုးဖလံတွေရဲ့ ရှင်သန်နိုင်တဲ့ ဘဝသက်တမ်းအတိအကျ ကို မသိရသေးပေမဲ့ လျော့တွက်လို့ မရတဲ့ အကောင်လေးတွေပဲ ဖြစ်ပါတယ်။ Madagascan sunset ပိုးဖလံတွေဟာ အလှပဆုံးအင်းဆက်မျိုးစိတ်ထဲက တစ်မျိုး ဖြစ်တဲ့အပြင် သူ့ကို စားမိတဲ့အခါ သေဆုံးတဲ့အထိ ဖြစ်နိုင်တဲ့ အဆိပ်ဓာတ်တစ်မျိုးလည်း ပါဝင်ပါတယ်။ ဒါကြောင့် လှပေမယ့် သွားမစသင့်တဲ့ ချစ်စရာ လိပ်ပြာတူ ပိုးဖလံလေးပဲ ဖြစ်ပါတယ်။