ကြည်လင်တောက်ပတဲ့ လက်သည်းလေးတွေပိုင်ဆိုင်ဖို့

//s9.kh1.co/f3/f39413bc901277cb0998b5f5ff788a26bbe5a170.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၀၅-ပြီ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၂၅ ရက် က

ကြည်လင်တောက်ပတဲ့ လက်သည်းလေးတွေပိုင်ဆိုင်ဖို့

လက်သည်းတွေဟာ ခန္ဓာကိုယ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တာကြောင့် ခန္ဓာကိုယ်ကျန်းမာရေးအဆင်ပြေမှသာ လက်သည်းတွေက ကြည်လင်တောက်ပနေမှာဖြစ်ပါတယ်။ အထူးသဖြင့် လက်သည်းအတွက်လိုအပ်တဲ့အာဟာရဓာတ်တွေပါဝင်တဲ့ ဗီတာမင် အေ စီ ဒီ သံဓာတ်နှင့် ကယ်လ်ဆီယမ်ဓာတ်တွေကိုစားသုံးပေးဖို့လိုအပ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=752,q=100/a4/a4d515df4417bb03a867abc7a3ca054015e1d73f.jpg

လက်သည်းတွေကို အစိုဓာတ်ထိန်းပေးနိုင်တဲ့ခရင်မ်တွေသေချာလိမ်းပေးပြီးတော့ ခြောက်သွေ့အက်ကွဲတာတွေကနေ ကာကွယ်ပေးရပါမယ်။ လက်သည်းဆိုးဆေးနှင့်အလှဆင်တာတွေဟာ လက်သည်းကိုလှစေပေမဲ့ မကြာခဏလုပ်ရင်မကောင်းတာကြောင့် အချိန်ပေးပြီးတော့ လက်သည်းကိုသဘာဝအတိုင်းရှိနေစေဖို့လိုပါတယ်။ 

https://s9.kh1.co/__image/w=563,h=674,q=100/c9/c9f37d896368e37c14a07ed3cd89c53e8c8ebecd.jpg

လက်သည်းဆိုးဆေးတွေအပြင် လက်သည်းကိုအချိန်မှန်ညှပ်ပေးတာနှင့် သန့်ရှင်းရေးလုပ်ပေးခြင်းကလည်းအရေးကြီးပါတယ်။ ပုံမှန်အားဖြင့် လက်သည်းတွေကို အတူတူညှိပြီးတော့ ညှပ်တာ ဒါမှမဟုတ် အရှည်အလိုက်လိုက်ဖက်တဲ့ပုံစံဖြစ်အောင်ညှိပေးခြင်းက လက်သည်းကိုပိုပြီးတော့ သန့်ရှင်းသွားစေပါတယ်။ နောက်ဆုံးတစ်ခုကတော့ လက်သည်းကိုပြင်းထန်တဲ့ဓူာတုပစ္စည်းတွေပါဝင်တဲ့ ထုတ်ကုန်တွေအသုံးပြုတဲ့အချိန်မှာသတိထားပေးဖို့လိုအပ်ပါတယ်။ အဝတ်လျှော်ဆပ်ပြာနှင့် လက်သန့်စင်ဆေးလိုမျိုးတွေအသုံးပြုတဲ့အချိန်မှာ သတိထားသင့်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=1047,q=100/ad/ad01eede658522b951375eb1b43a04ea8c2834a2.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T