ဆံသားကျန်းမာရေးအတွက် အကောင်းဆုံးသဘာဝပစ္စည်းပျားဖယောင်း

//s9.kh1.co/6e/6ef85aebb82afec0e32e38fd925006ed3eaf9bef.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၀၁-ပြီ-၂၀၂၄ ၂pm · လွန်ခဲ့သော တစ်လ က

ဆံသားကျန်းမာရေးအတွက် အကောင်းဆုံးသဘာဝပစ္စည်းပျားဖယောင်း

ပျားဖယောင်းဟာ အလှအပကဏ္ဍတွေမှာ အရေးကြီးတဲ့နေရာကနေပါဝင်လေ့ရှိပါတယ်။ လူတစ်ယောက်ရဲ့အဓိကအလှတရားဖြစ်တဲ့ ဆံသားအလှအပမှာ ပျားဖယောင်းဟာအဓိကကျတဲ့နေရာကနေပါဝင်နေပါတယ်။ ပျားဖယောင်းဟာ ဆံသားကို ပြတ်တောက်တာ ရှုပ်တာမျိုးမဖြစ်စေဘဲ ပျော့ပျောင်းနူးညံ့စေပါတယ်။

https://s9.kh1.co/__image/w=650,h=418,q=100/9a/9a38c79e0e0cf4047db893f062dea9554b471924.jpg

ဦးရေပြားပေါ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ချို့ကိုလည်း ပျောက်ကင်းအောင်ကူညီပေးနိုင်ပါတယ်။ အထူးသဖြင့် ဗောက်ထတာ ဦးရေပြားအဆီပြန်လွန်တာ အစရှိတဲ့ဦးရေပြားဆိုင်ရာပြဿနာတွေကို အများကြီးကူညီဖြေရှင်းပေးနိုင်တဲ့ သဘာဝရဲ့ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင်အေဓာတ်ကြွယ်ဝတာကြောင့် ဆံသားအစိုဓာတ်ကိုသေချာထိန်းပေးပြီးတော့ ဆံသားရှုပ်တာ ခြောက်သွေ့တာမျိုးမဖြစ်အောင် ကူညီပေးပါတယ်။ 

https://s9.kh1.co/__image/w=650,h=418,q=100/5f/5f20dbf7d10737b3ba51669d041c998d84f6be48.jpg

ဆံသားအရှည်မြန်စေပြီးတော့ ပုံသွင်းရလွယ်ကူစေတာကြောင့် ပျားဖယောင်းကို ဆံပင်ကျန်းမာရေးအတွက် အဓိကကျတဲ့ပစ္စည်းတစ်ခုအနေနှင့် သုံးစွဲကြလေ့ရှိပါတယ်။ ဒါ့အပြင် ပျားဖယောင်းဟာ မတည့်တဲ့သူမရှိတဲ့ ပစ္စည်းဖြစ်တာကြောင့် ပုံမှန်အားဖြင့် ဆံသားအမျိုးအစားတိုင်းနှင့်ကိုက်ညီတဲ့ပစ္စည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=702,q=100/f9/f9554edf0cc4fabefeed1b557cdfff1040291db9.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T