သူ့ခန္ဓာကိုယ်ထက် ဆယ်ဆလောက်ကြီးတဲ့ငါးကြီးကိုတောင် မျိုနိုင်တဲ့ ငါး

//s9.kh1.co/64/649f7b2b8834933219522d5a750d12135e4909fa.jpg
ဗဟုသုတအဖြာဖြာ

 ၂၃-မတ်-၂၀၂၄ ၁၂am · လွန်ခဲ့သော တစ်လ က

သူ့ခန္ဓာကိုယ်ထက် ဆယ်ဆလောက်ကြီးတဲ့ငါးကြီးကိုတောင် မျိုနိုင်တဲ့ ငါး

သူ့ခန္ဓာကိုယ်ထက် ဆယ်ဆလောက်ကြီးသော သားကောင်ကိုတောင် မျိုချနိုင်တဲ့ Black Swallower ငါးကို မြောက်ဘက် နှင့် အနောက်ဘက် အတ္တလန္တိတ်သမုဒ္ဒရာရှိ အပူပိုင်းဒေသရေပြင်များတွင် တွေ့ရပါတယ်။ အများဆုံးအရှည် ၂၅စင်တီမီတာသာရှိ‌သော ရေနေငါးသေးမျိုးစိတ်ပဲ ဖြစ်ပါတယ်။ မျိုးစိတ်အများစုမှာ အကြေးခွံမပါဘဲ နီညိုရောင် ၊ အဖြူရောင်ဖျော့ဖျော့ သို့မဟုတ် အရောင်မဲ့ငါးများ ဖြစ်ကြပြီး ရေမျက်နှာပြင်မှ အနက် ( 4000 မီတာ - 6000 မီတာ ) နက်သော ချောက်များတွင်တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/65/65d50e8cc0fd3b694fab994baf403c5713f030c1.jpg

Chiasmodontidae မျိုးရင်းတွင် ပါဝင်သော ရေနက်နေ ငါးတစ်မျိုးဖြစ်ပြီး ချွန်ထက်သောအစွယ်များဖြင့် သားကောင်ကို ဖမ်းယူကာ သူ့ရဲ့အစာအိမ်အတွင်းထည့်ကာ ‌ဖြည်းဖြည်းချင်းအစာပြန်ချေကြပါတယ်။ ရှည်လျားသော နှာတံ ၊ အတော်အသင့် အရွယ်အစားရှိသော မျက်လုံးများနဲ့ ကြီးမားသော ပါးစပ် ချွန်ထက်သောသွားတို့ပါရှိပြီး ကျောရိုးရှိရေနေငါးကြီးများကို အဓိကစားသုံးကြပါတယ်။ ဆူးတောင်များမှာ ရှည်လျားပြီး ကူးခတ်ရန်ကူညီပေးတဲ့ ရောင်ခြည် ၁၂ ခုမှ ၁၅ ခုကြားပါဝင်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/92/923c2136745837c44aabf1aa4330935b04b08273.jpg

တင်ပါးဆုံတွင်းဆူးတောင်များမှာ သေးငယ်ကာ ရောင်ခြည် ၅ ခုသာ ပါရှိပြီး စအိုဘက်ဆူးတောင်တွင် ရောင်ခြည် ၂၆ မှ ၂၉ ခု ပါရှိကြပါတယ်။ အကောင်သေးပေမဲ့ အဆိပ်ပြင်းတဲ့ မြောက်အတ္တလန္တိတ်‌ေဒသဘက်မှာသာ တွေ့ရသော ငါးမျိုးစိတ်တစ်မျိုးပဲဖြစ်ပါတယ်။ ဥဥ တဲ့ ကျောရိုးရှိရေနေသတ္တဝါငယ်တစ်မျိုးဖြစ်ပြီး တွေ့ရခဲတဲ့ မျိုးသုန်းပျောက်ကွယ်တော့မဲ့ ငါးမျိုးစိတ်တစ်မျိုးပဲဖြစ်ပါတယ်။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T