လူငယ်တွေကြား ရေပန်းစားနေတဲ့ ဖဲပြားပုံစံ Top ဒီဇိုင်းများ

//s9.kh1.co/3f/3fb260715739f49fc5020c8203e8a8ae4357c8b9.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၁၉-မတ်-၂၀၂၄ ၃pm · လွန်ခဲ့သော တစ်လ က

လူငယ်တွေကြား ရေပန်းစားနေတဲ့ ဖဲပြားပုံစံ Top များ

https://s9.kh1.co/__image/w=650,h=650,q=100/f8/f8e9158f8a052755d55c2368783f4b5491fa4d6f.jpg

ရင်ဘတ်ရှေ့ကနေရာကို ဖဲပြားကြီးတစ်ခုလိုမျိုးပုံဖော်ထားတဲ့ ဒီလိုအင်္ကျီပုံစံတွေကလည်း အတော်လေးလူကြိုက်များပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်နှင့် နှစ်ဆယ်ကျော်မိန်းကလေးတွေကြားမှာ ဒီလိုဒီဇိုင်းလေးဟာ အတော်လေးရေပန်းစားနေတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=975,q=100/d2/d26e8a5c2357251124063d62c74393be9da8352c.jpg

ဖဲပြားဖြစ်ပေမယ့် ဝင့်ကားနေတာမျိုးမဟုတ်ဘဲ ခန္ဓာကိုယ်နှင့် ပေါင်းပြီးချပ်ချပ်ကပ်ကပ်ပုံဖြစ်တဲ့ ဒီလိုအင်္ကျီမျိုးကလည်း လူငယ်တွေအကြိုက်ဖြစ်ပြီးတော့ အဆင်ပြေတဲ့ဖက်ရှင်ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=791,q=100/d6/d60c306795534280a6236fe895db5db263b51fe2.jpg

ဖဲပြားပုံဖြစ်ပေမယ့် လူငယ်ဆန်ရုံတင်မကဘဲ ပွဲတိုးလို့ပါအဆင်ပြေနိုင်တဲ့ဒီဖက်ရှင်ကလည်း အတော်လေးလူကြိုက်များတဲ့ဖဲပြားပုံအင်္ကျီဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=867,q=100/08/0812fb659130e1fad104a1c00a974d273bd58986.jpg

ဖဲပြားကိုပုံစံအမှန်မဟုတ်ဘဲ အင်္ကျီပေါ်မှာထပ်ထားသလိုမျိုးပုံပေါ်တဲ့ ဒီလိုဖက်ရှင်ကလည်း လူငယ်တွေကြားမှာ ဖဲပြားအင်္ကျီဒီဇိုင်းတစ်ခုအနေနှင့်နာမည်ကြီးပါတယ်။ 

https://s9.kh1.co/__image/w=650,h=650,q=100/11/11008be83503e962d381d8eed219dcb329c37244.jpg

ဖဲပြားကိုအတည့်မထားဘဲ တစ်စောင်းအနေအထားနှင့်ပုံစံဖော်ထားတဲ့ ဒီဒီဇိုင်းဟာလည်း ပုံမှန်အားဖြင့်တော့ လူငယ်တွေဝတ်ဆင်ကြတဲ့ပုံစံဖြစ်ပါတယ်။ ဒီလိုပုံစံတွေအပြင် ဖဲပြားကို ပုံစံမျိုးစုံဖြစ်အောင် အလှည့်အပြောင်းလုပ်ပြီးနေရာချထားတဲ့ ဒီဇိုင်းတွေလည်းရှိပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T