ဘာမှမတတ်နိုင်တဲ့ပြဿနာရပ်တွေကို ဘယ်လိုဖြေရှင်းမလဲ

//s9.kh1.co/e4/e4e1da9f6b1ff6e3088ad6ef0583bd2e9e65370f.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-မတ်-၂၀၂၄ ၁၀am · လွန်ခဲ့သော တစ်လ က

ဘာမှမတတ်နိုင်တဲ့ပြဿနာရပ်တွေကို ဘယ်လိုဖြေရှင်းမလဲ

လူနေမှုဘဝမှာ ကိုယ်ဖြေရှင်းဖို့မတတ်နိုင်တဲ့ပြဿနာတစ်ခုကြုံတွေ့လာရပြီဆိုရင် အရင်ဆုံးအခြေအနေကိုလက်ခံတတ်ဖို့လိုအပ်ပါတယ်။ အခြေအနေကိုလက်ခံလိုက်ပြီဆိုရင် အခြေအနေကိုဆန်းစစ်ရပါမယ်။ ကိုယ့်ရဲ့တတ်နိုင်တဲ့ဖက်ကနေ ဒီအခြေအနေကိုပြောင်းလဲနိုင်ခြင်းရှိမရှိကိုစစ်ဆေးပြီး တစ်ကယ်လို့ပြောင်းလဲနိုင်တယ်ဆိုရင် ပြောင်းလဲဖို့အတတ်နိုင်ဆုံးကြိုးစားကြည့်ပါ။

https://s9.kh1.co/__image/w=521,h=521,q=100/7f/7fa243528eb9019f19cdfe2f167358ead68bebff.jpg

အဲ့လိုမှမဟုတ်ဘဲ မပြောင်းလဲနိုင်ဘူးဆိုရင် အခြေအနေကိုလက်ခံလိုက်ပြီးတော့ တစ်ခြားဖြေရှင်းနည်းကိုကြိုတင်စဥ်းစားပါ။ သွေးပူပြီး လုပ်မိလုပ်ရာလုပ်လိုက်တာမျိုးထက် တစ်ခြားနည်းလမ်းကိုသွေးအေးအေးနှင့်ဆုံးဖြတ်တာမျိုးလုပ်သင့်ပါတယ်။ အကြံဉာဏ်ပေးနိုင်မယ့်လူကြီးတွေကိုရှာဖွေပြီးတော့ သူတို့အမြင်တွေကိုဆုံးဖြတ်ချက်ထဲမှာ ထည့်သွင်းစဥ်းစားသင့်ပါတယ်။ 

https://s9.kh1.co/__image/w=500,h=600,q=100/3d/3d566354070f614c359560e0761072c5cd9f7173.jpg

မတတ်နိုင်တဲ့အခြေအနေကိုစိတ်ပျက်နေတာမျိုးမလုပ်ဘဲ စိတ်လျှော့ပြီးတော့ အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ပါ။ ကိုယ့်ကိုယ်ကိုယ်တိုးတက်စေမယ့်အရာတွေကို တောက်လျှောက်လုပ်နေပြီးတော့ အမြဲတမ်းအခွင့်အရေးအသစ်တွေကိုစောင့်ကြိုနေဖို့လိုအပ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=755,q=100/16/16c63ccaa97fddf8db788fd002eb5aa91ad6e357.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T