လက်ထပ်ခြင်းက မလွယ်ကူတဲ့ကိစ္စဖြစ်တာကြောင့် လူအများစုဟာ လက်ထပ်ဖို့ကိုအတော်လေးအချိန်ယူကြလေ့ရှိပါတယ်။ အထူးသဖြင့် အခုခေတ်မှာဆို လက်ထပ်ခြင်းထက် တစ်ကိုယ်တည်းနေခြင်းကိုပိုအလေးထားလာကြပြီးတော့ လူငယ်တွေဟာလက်ထပ်တာကို အရေးကိစ္စတစ်ခုအနေနှင့် မသတ်မှတ်ကြတော့ပါဘူး။
လက်ထပ်ဖို့အတွက်အသင့်တော်ဆုံးအသက်အရွယ်ဟာ လူတစ်ယောက်ချင်းစီတိုင်းအတွက်မတူညီနိုင်ပါဘူး။ ကိုယ့်ရဲ့ရင့်ကျက်မှုနှင့်တာဝန်ယူနိုင်မှုအပေါ်မူတည်ပြီး အသက်အရွယ်အပိုင်းအခြားအမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ငယ်ရွယ်လွန်းတဲ့အချိန်မှာလက်ထပ်ခြင်းဟာ ကောင်းကျိုးထက်ဆိုးကျိုးကိုပိုများစေပါ လိမ့်မယ်။ အကြောင်းကတော့ ငယ်ရွယ်ချိန်ဟာ အိမ်ထောင်တစ်ခုတည်ထောင်ဖို့လုံလောက်တဲ့ရင့်ကျက်မှုမရှိသေးတာကြောင့်ဖြစ်ပါတယ်။
လူငယ်အများစုကတော့ အသက် သုံးဆယ်ပတ်ဝန်းကျင်မှာ အိမ်ထောင်ပြုတာကို အမှန်ကန်ဆုံးအနေနှင့်သတ်မှတ်ကြပါတယ်။ ဒီအရွယ်အပိုင်းအခြားမှာဆိုရင် လူတိုင်းဟာသင့်တော်တဲ့ရင့်ကျက်မှုရှိနေပြီးတော့ တာဝန်လည်းကိုယ်စီယူနိုင်နေကြပြီဖြစ်တာကြောင့်ပါ။ ဒါပေမဲ့ ဒီလိုလက်ထပ်ခြင်းဟာ လူတစ်ယောက်ချင်းစီနှင့်သက်ဆိုင်ပြီးတော့ ကိုယ်အဆင်သင့်ဖြစ်နေပြီလို့ခံစားရတဲ့အချိန်မှသာ လက်ထပ်သင့်ပါတယ်။