ပွဲဦးထွက်တော့မယ့် Boy PLanet အစီအစဥ်မှ Ollie

//s9.kh1.co/42/42900fc85a0a7a1731374c3bdbf329515b30e343.jpg
အနုပညာရှင်များ

 ၁၃-မတ်-၂၀၂၄ ၁၀am · လွန်ခဲ့သော တစ်လ က

ပွဲဦးထွက်တော့မယ့် Boy PLanet အစီအစဥ်မှ Ollie

၂၀၂၃ ကကျင်းပခဲ့တဲ့ Boy PLanet ဆိုတဲ့ပြိုင်ပွဲဟာ ကြည့်ရှုသူအတော်လေးများခဲ့သလို Zerobaseone ဆိုတဲ့အောင်မြင်တဲ့အဖွဲ့ကိုဖွဲ့စည်းနိုင်ခဲ့တဲ့ ရှိုးဖြစ်ပါတယ်။ ဒီရှိုးကနေတစ်ဆင့် နာမည်ကြီးလူကြိုက်များသွားတဲ့ ပြိုင်ပွဲဝင်တွေအများကြီးရှိခဲ့ပါတယ်။ ရှိုးကနေတစ်ဆင့် ပွဲဦးထွက်ခွင့်မရပေမဲ့ နောက်ပိုင်းမှာတစ်ခြားအဖွဲ့တွေနှင့်ပွဲဦးထွက်ခဲ့တဲ့သူတွေလည်းရှိပါတယ်။

https://s9.kh1.co/__image/w=650,h=910,q=100/4a/4a7aa2fd1e1f623a7149e92ba60ab8f1ef70ac2c.webp

Ollie ကတော့ ရှိုးအတွင်းမှာ အတော်လေးနာမည်ကြီးခဲ့တဲ့ပြိုင်ပွဲဝင်တစ်ယောက်ပါ။ အသက် ၁၆ နှစ်ပဲရှိသေးတဲ့သူဟာ ငယ်ရွယ်ပြီးလန်းဆန်းတဲ့ပုံရိပ်နှင့်ကြည့်ရှုသူတွေကို အတော်လေးဖမ်းစားနိုင်ခဲ့တာပါ။ အပိုင်း ၁၁ မှာ အဆင့် ၂၆ ရပြီးပြုတ်သွားခဲ့ရတဲ့ Ollie ဟာ မကြာသေးခင်က ဟောင်ကောင်အခြေပြုအိုင်ဒေါအဖွဲ့ကိုထုတ်မယ့် Asia Super Young ဆိုတဲ့အစီအစဥ်မှာပါဝင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/b3/b3286dc7e3926713d634e228914addfd0298c620.webp

Boy PLanet ကတည်းက နာမည်ကြီးနေတဲ့ Ollie ဟာ ဒီရှိုးမှာတော့ နံပါတ်တစ်နေရာကနေ ပွဲဦးထွက်နိုင်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ပေါင်း ၆၅ ယောက်ထဲကနေနံပါတ်တစ်ရခဲ့တဲ့ Ollie ဟာ တစ်ခြားအနိုင်ရသူတွေနှင့်အတူ LOONG9 ဆိုတဲ့အဖွဲ့မှာပါဝင်သွားမှာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=650,q=100/ae/ae73ee548064b39974fec288f74093730b1f0b1e.webp
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T