ကြည့်ရှုသူခြောက်သန်းကျော်သွားပြီဖြစ်တဲ့ Exhuma ရုပ်ရှင်

//s9.kh1.co/a2/a28ef95fcbcad3354b33872d639be6bb16783889.jpg
အနုပညာရှင်များ

 ၀၄-မတ်-၂၀၂၄ ၁၁am · လွန်ခဲ့သော ၂ လ က

ကြည့်ရှုသူခြောက်သန်းကျော်သွားပြီဖြစ်တဲ့ Exhuma ရုပ်ရှင်

မင်းသမီး ကင်ဂိုအမ်နှင့် မင်းသားလီဒိုဟွန်းတို့အဓိကပါဝင်ထားတဲ့ Exhuma ရုပ်ရှင်ဟာရုံတင်ပြီး ၁၁ ရက်အကြာမှာတော့ ကြည့်ရှုသူခြောက်သန်းကျော်ရှိပြီးတော့ Box Office မှာစံချိန်အသစ်တင်ခဲ့ပြီဖြစ်ပါတယ်။ Exhuma ဟာ မင်းသားလီဒိုဟွန်းစစ်မှုမထမ်းခင်က ရိုက်ကူးသွားခဲ့တဲ့ရုပ်ရှင်ဖြစ်ပြီးတော့ မင်းသားနှင့်မင်းသမီးကိုနတ်ဆရာဇာတ်ရုပ်နှင့် တွေ့ရမှာကြောင့် မထွက်ခင်ကတည်းကနာမည်ကြီးနေတဲ့ရုပ်ရှင်ပါ။

https://s9.kh1.co/__image/w=564,h=805,q=100/19/190ede074e0a63e41623388c5c4d4a970a53e1f3.jpg

ရုပ်ရှင်ဟာ ငွေကြေးနှင့်ရတနာတွေဝှက်ထားတဲ့သင်္ချိုင်းနေရာတစ်ခုကို ပြောင်းရွှေ့ရင်းထူးခြားမှုတွေကို လက်တွေ့ကြုံရတဲ့ နတ်ဆရာ ဘူမိဗေဒပညာရှင်တွေအကြောင်းရိုက်ကူးထားတဲ့ လျှို့ဝှက်ဆန်းကြယ်အမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ရုပ်ရှင်ဟာ ၂၀၂၂ ရဲ့အအောင်မြင်ဆုံးရုပ်ရှင်ဖြစ်တဲ့ The Outlaws ရဲ့စံချိန်ကိုတစ်ရက်နှင့်ကျော်တက်ပြီးတော့ အခုလိုကြည့်ရှုနှုန်းစံချိန်ကိုရလာတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/6a/6a6c500f73868ed419a7bc754aa63c23b1246a87.jpg

ဒါ့အပြင် ကြည့်ရှုသူတွေပေးတဲ့ မှတ်ချက်ကောင်းတွေအများကြီးလည်းရထားတာကြောင့် ပါဝင်တဲ့အနုပညာရှင်တွေကိုယ်တိုင်က ကျေးဇူးတင်စကားပြောခဲ့ကြပါတယ်။ ဒါ့အပြင် စစ်မှုထမ်းဆောင်နေတဲ့ မင်းသားလီဒိုဟွန်းကလည်း သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်ကနေတစ်ဆင့် Exhuma ရုပ်ရှင်အတွက်ကျေးဇူးတင်ကြောင်းတင်ထားပါတယ်။ 

https://s9.kh1.co/__image/w=494,h=639,q=100/13/133287e222ee32fa08e54948bd6e59860fe13d3f.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T