အချိန်အများကြီးယူစရာမလိုဘဲ မေဂျာလိဂ်မှာ မြန်မြန်အသားကျသွားတဲ့ မက်ဆီ..

//s9.kh1.co/86/866fb8288e53b921ca2f947299bc151249826401.jpg
အားကစားသတင်းများ

 ၀၃-သြ-၂၀၂၃ ၃pm · လွန်ခဲ့သော ၉ လ က

GOAT က GOAT ပါပဲ..

ဘောလုံးလောရဲ့ GOAT ကြီးအဖြစ် ယူဆထားကြတဲ့ လီယွန်နယ်မက်ဆီဟာ မကြာသေးခင်အပြောင်းအရွှေ့ကာလမှာ ဥရောပမြေကို စွန့်ခွာပြီး အမေရိကမြေပေါ်က အင်တာမိုင်ယာမီအသင်းမှာ ပြောင်းရွှေ့ကစားခဲ့ပါတယ်။ အမေရိကသားတွေရဲ့  အားပေးမှုအပြည့်အဝရခဲ့တဲ့အပြင် သူရဲ့တောက်ပတဲ့ခြေစွမ်းတွေကလည်း မှေးမှိန်မသွားခဲ့ပါဘူး။ 

https://s9.kh1.co/__image/w=650,h=384,q=100/80/80c12bb290a052b7c2763d9aeab7d4792a0b99de.jpg

မက်ဆီဟာ အမေရိကန်ကလပ်၊ အင်တာမိုင်ယာမီအတွက် ပထမဆုံးဂိုးကို သူရဲ့ပထမဆုံးပွဲစဥ်မှာတင် လူစားဝင်လာပြီး သွင်းယူပေးခဲ့ပါတယ်။ ဒါတင်မကသေးဘဲ ဒီနေ့မနက်မှာကစားခဲ့တဲ့ Orlando နဲ့ပွဲစဥ်မှာလည်း (၂) ဂိုးထပ်မံသွင်းယူပြီး (၃-၁) နဲ့ အနိုင်ရခဲ့ပြန်ပါတယ်။ အင်တာမိုင်ယာမီအတွက် (၃) ပွဲသာကစားထားပေမယ့် (၅) ဂိုးအထိသွင်းယူထားပြီး ဘောလုံးလောကရဲ့ နတ်ဘုရားတစ်ပါးဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=634,h=985,q=100/4e/4e3128de1442b65ff278143f4af2736c6f079d12.jpg
https://s9.kh1.co/__image/w=650,h=366,q=100/5c/5c6a88e52817312ad552afb7e91337a1ec189cab.jpg

မက်ဆီမရောက်ခင် အင်တာမိုင်ယာမီအသင်းဟာ (၆) ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပေမယ့် မက်ဆီရောက်ရှိပြီး (၃) ပွဲဆက် နိုင်ပွဲရရှိထားပါတယ်။ မေဂျာလိဂ်က GOAT ကြီးအတွက် အရမ်းလွယ်လွန်းနေပါတယ်..။ ဒေးဗစ်ဘက်ခမ်းအတွက်တော့ မက်ဆီကိုရရှိတာက အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်နေမှာပါ..။

https://s9.kh1.co/__image/w=650,h=476,q=100/16/16ebcc7a983540702e634904c0427860d998c4e1.jpg
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T