ထူးအယ်လင်းကတော့ ပရိသတ်တွေ ဆယ်စုနှစ်ကျော်တိုင်အောင် နှစ်သက်အားပေးခဲ့ရတဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ သူကတော့ တတ်နိုင်တဲ့ဘက်ကနေ ပြည်သူတွေအကျိုးအတွက် ပရဟိတအလုပ်တွေကို ကူညီဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း မြန်မာနိုင်ငံအနှံ့သို့သွားရောက်ကာ အလှူအတန်းတွေ ပြုလုပ်ရင်းကုသိုလ်ယူနေတာ ဖြစ်ပါတယ်။
အများအကျိုးအတွက် အားတက်သရော ကူညီဆောင်ရွက်ပေးနေတဲ့ ထူးအယ်လင်းရဲ့ စိတ်ထားကတော့ မွန်မြတ်လှပါတယ်နော်။ မကြာသေးခင် ရက်ပိုင်းလောက်က နယ်မြို့တစ်မြို့တွင် ပေ ၆၀,ပေ ၃၀ တွဲဘက်မူလတန်းကျောင်း ဆောက်လုပ်လှူဒါန်းဖို့အတွက် ပြင်ဆင်နေတာကိုလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဝေမျှထားပါသေးတယ်။ အခုတစ်ခေါက်မှာလည်း ထူးအယ်လင်းတစ်ယောက် နှစ်ဆန်းနှစ်ရက်နေ့တွင် ခုနှစ်ရက်သားသမီးများနဲ့စုပေါင်းပြီး အလှူငွေ(၁၁)သိန်း လှူဒါန်းခဲ့တဲ့ အကြောင်း ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်အောင် တင်ထားတာ ဖြစ်ပါတယ်။
" ဦးမိုးနှင်း+ဒေါ်ခင်မာဝင်းရွှေဆိုင်(လှိုင်သာယာမီးခွက်ဈေး)မှ မတည်၍ ခုနှစ်ရက်သားသမီး ရာဟုသားသမီးအပါအလှူရှင်များစုပေါင်း၍
နှစ်ဆန်း ၂ ရက်နေ့အလှူမှာ
၁,၁၀၀,၀၀၀(တစ်ဆယ့်တစ်သိန်း) လှူဒါန်းခဲ့ရလို့ ဝမ်းသာတယ် ။
ကုသိုလ်အမျှ ရကြပါစေ။
သာဓု သာဓု သာဓု? " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုနိုင်ရန် လှူဒါန်းနေတဲ့ ဗီဒီယိုဖိုင်ကိုပါ တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd-Htoo El Lynn’s Facebook Account