ဖေဖော်ဝါရီလကတည်းက စတင်ပေါ်ပေါက်ခဲ့တဲ့ လူထုလှုပ်ရှားမှုပွဲတွေကတော့ ယခုဧပြီလအထိတိုင်အောင် နေရာတိုင်းမှာ နေ့စဥ်နဲ့အမျှ မြင်တွေ့နေရဆဲ ဖြစ်ပါတယ် ။ ပြည်သူတွေက သူတို့ရဲ့မျှော်လင့်ချက်ဆန္ဒတွေအတွက် ကြိုးစားပါဝင်နေကြတာဖြစ်ပြီး အန္တရာယ်တွေကြားကနေ ရှေ့ဆက်နေကြတာပဲ ဖြစ်ပါတယ် ။ အခုလည်း တက္ကသိုလ်ကျောင်းသူလေးတစ်ဦးက သူမမှာ ရောဂါအခံရှိမှန်းသိရက်နဲ့တောင် လူထုလှုပ်ရှားမှုပွဲတွေမှာ တက်တက်ကြွကြွပါဝင်ရင်းနဲ့ပဲ ကွယ်လွန်သွားခဲ့ရတာ ဖြစ်ပါတယ်။
သူမကတော့ သမဝါယမတက္ကသိုလ် (သန်လျင်) မှာပညာသင်ကြားနေတဲ့ ပထမနှစ်ကျောင်းသူလေး မကေဇင်သွယ်ပဲ ဖြစ်ပါတယ် ။ မကေဇင်သွယ်က သွေးလေးဘက်နာရောဂါကို ခံစားနေရပေမယ့်လည်း လူထုလှုပ်ရှားမှုပွဲတွေမှာ အပင်ပန်းခံပြီး ကြိုးစားပမ်းစား ပါဝင်ခဲ့တာ ဖြစ်ပါတယ် ။ သူမရဲ့ရောဂါက နေပူခံလို့မရမှန်း သိရက်နဲ့တောင် ရှိသမျှခွန်အားလေးနဲ့ နောက်ဆုံးအချိန်အထိ တာဝန်ကျေပွန်ခဲ့တဲ့ မကေဇင်သွယ်ခမျာ စောစီးစွာပဲ ကြွေလွင့်သွားခဲ့ရတာ ဖြစ်ပါတယ် ။
ရောဂါအခြေအနေဆိုးရွားကာ ကွယ်လွန်သွားခဲ့ရတဲ့ မကေဇင်သွယ်အတွက် သမဝါယမတက္ကသိုလ် (သန်လျင်) မှ ကျောင်းသူကျောင်းသားတွေကလည်း မိသားစုနဲ့ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ် ။ ဒါကြောင့် ကျောင်းသူကျောင်းသားတွေက မကေဇင်သွယ်ရဲ့စိတ်ဓာတ်ကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ အလေးပြုပါတယ်ဆိုပြီး လူမှုကွန်ယက်စာမျက်နှာတစ်ဆင့် ရေးသားကြေညာခဲ့ကြတာ ဖြစ်ပါတယ် ။ မကေဇင်သွယ်တစ်ယောက် ကောင်းရာမွန်ရာဘုံဘဝမှာ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။
Source & Photo Credit-Original Uploader