မုန့်လုံးကြီးအလုံး(၁၀၀)ကို ဘယ်နားရောင်းရမှန်းမသိလို့ အခက်အခဲဖြစ်နေသူကို အကုန်လုံးဝယ်ယူပြီး ကူညီပေးလိုက်တဲ့ စေတနာရှင်ပြည်သူတစ်ဦး

//s9.kh1.co/a6/a61bcbabce38579df975bdaba75fe4a2c9cf989a.jpeg
နေ့စဉ်သတင်းများ

 ၁၈-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

မုန့်လုံးကြီးအလုံး(၁၀၀)ကို ဘယ်နားရောင်းရမှန်းမသိလို့ အခက်အခဲဖြစ်နေသူကို အကုန်လုံးဝယ်ယူပြီး ကူညီပေးလိုက်တဲ့ စေတနာရှင်ပြည်သူတစ်ဦး

မြန်မာပြည်သူ၊ပြည်သားတွေကတော့ အရမ်းစည်းလုံးညီညွတ်ကြပြီး လက်ရှိအခြေအနေမှာလည်း အပြန်အလှန်ရိုင်းပင်းကူညီနေကြတာဖြစ်ပါတယ်။ဒီကာလမှာ အခက်အခဲဖြစ်နေတဲ့ဘယ်သူ့ကိုမဆို ပြည်သူတချို့က ဂရုဏာစိတ်အပြည့်နဲ့ဖေးမပေးကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း မုန့်လုံးကြီး အလုံး(၁၀၀)အော်ဒါမှာလို့ သွားပို့ရင်းအခက်အခဲဖြစ်လာရတဲ့လူကို စေတနာရှင်ပြည်သူတစ်ဦးက ကိုယ်ချင်းစာနာစိတ်အပြည့်နဲ့ အကုန်လုံးပြန်ဝယ်ပြီးကူညီပေးလိုက်တာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

မုန့်လုံးကြီးရောင်းတဲ့သူက အလုံး(၁၀၀)အော်ဒါအတွက် မနက်(၅)နာရီလောက်ထပြီး သကြားတွေကြို၊အုန်းသီးတွေခြစ်ကာ ရောင်းတာထက်ပိုကောင်းအောင် စေတနာပါပါနဲ့ပြင်ဆင်ထားတာဖြစ်ပါတယ်။မုန့်လုံးကြီးမှာတဲ့သူဆီအော်ဒါသွားပို့ဖို့အတွက် ဖုန်းဆက်တဲ့အခါမှာတော့ “မမှာထားဘူး”ဆိုပြီးပြောတဲ့အပြင် နောက်တစ်ခါဆက်တော့ဖုန်းပိတ်လိုက်တာနဲ့ကြုံလိုက်ရတာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ ဘယ်သွားရောင်းရမှန်းမသိတာနဲ့ ပြည်သူတစ်ဦးဆီသွားပြီး “ဆရာ ဆရာ ကျွန်တော့်ကို အားပေးပါဦး”ဆိုပြီး အကူအညီတောင်းခံခဲ့တာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

ပြည်သူတစ်ဦးကလည်း ဂရုဏာထားပြီး မုန့်လုံးကြီး(၂၀၀၀၀)ဖိုးလုံးကို အကုန်ဝယ်ယူကာ တခြားသူတွေကိုပါ ဝေပေးလိုက်တာဖြစ်ပါတယ်။ဒီလိုကာလကြီးမှာ လူတိုင်းနီးပါးကြပ်တည်းနေကြတာကြောင့် လူသားချင်းစာနာထောက်ထားပေးပြီး ဒီလိုခက်ခဲအောင်မပြုလုပ်ကြဖို့ စေတနာရှင်ပြည်သူက မေတ္တာရပ်ခံလာတာဖြစ်ပါတယ်။လမ်းပေါ်ထွက်ပြီးစျေးရောင်းနေရတာကိုက ခက်ခဲနေတဲ့အချိန်မှာ တစ်ဖက်သားအပေါ် ဒီလိုမျိုးမစနောက်ကြဖို့အတွက်တောင်းဆိုရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T