ငါးချဉ်ထုပ်တွေပေါ်မှာ စာသားတချို့ရေးသားပြီး လမ်းပေါ်မှာတန်းစီချထားကာ လူမဲ့သပိတ်ဆောင်ရွက်ခဲ့ကြတဲ့ကသာမြို့ကပြည်သူများ

//s9.kh1.co/5b/5b2a629e8636c0eb9281bd52e7f28690f45a5080.jpeg
နေ့စဉ်သတင်းများ

 ၁၈-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ငါးချဉ်ထုပ်တွေပေါ်မှာ စာသားတချို့ရေးသားပြီး လမ်းပေါ်မှာတန်းစီချထားကာ လူမဲ့သပိတ်ဆောင်ရွက်ခဲ့ကြတဲ့ကသာမြို့ကပြည်သူများ

တိုင်းနဲ့ပြည်နယ်အသီးသီးမှာနေထိုင်ကြတဲ့ ပြည်သူလူထုကတော့ လူထုလှုပ်ရှားမှုတွေကို နေ့တိုင်း မနားမနေလုပ်ဆောင်နေကြတာဖြစ်ပါတယ်။ယခုဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာဆိုရင် လူတိုင်းနီးပါးက မိမိစွမ်းဆောင်နိုင်တဲ့နေရာကနေ အများအကျိုးအတွက် အားတက်သရောပါဝင်အားဖြည့်ပေးနေကြတာဖြစ်ပါတယ်။တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားပေမယ့် ပြည်သူလူထုရဲ့ ရဲစွမ်းသတ္တိတွေကတော့ ပိုပြီးတိုးပွါးလာကာ အားသွန်ခွန်စိုက်ရင်ဆိုင်နေကြဆဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီနေ့ ဧပြီလ(၁၈)ရက်နေ့ နံနက်ပိုင်းမှာဆိုရင်တော့ ဧရာဝတီမြစ်ကမ်းဘေး၊ကသာမြို့မှာ လူမဲ့ငါးချဉ်သပိတ်ကိုဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ကသာမြို့ကပြည်သူတွေကတော့ ငါးချဉ်ထုပ်တွေကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုရှေ့မှာ ချထားပြီး ငါးချဉ်ထုပ်ပေါ်မှာ စာသားတချို့လည်း ရေးသားထားကြတာဖြစ်ပါတယ်။ကသာငါးချဉ်က လူသိများတဲ့စားသောက်ကုန်တစ်ခုဖြစ်တာကြောင့် အခုလိုမျိုး အကြံဉာဏ်ကောင်းလေးနဲ့ အေးအေးချမ်းချမ်းဆန္ဒထုတ်ဖော်လိုက်ကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင် ပြည်သူတိုင်းနီးပါးက မိမိတို့စွမ်းဆောင်နိုင်တဲ့နေရာကနေ တာဝန်ကျေပွန်စွာနဲ့ ကိုယ်စီထမ်းရွက်နေကြတာဖြစ်ပါတယ်။တစ်ယောက်ကိုတစ်ယောက် အားပေးကူညီကြရင်း လက်ရှိအခြေအနေကို ကျော်ဖြတ်လာကြတာ(၂)လကျော် ကြာသွားပြီဖြစ်ပါတယ်။ဒီနေ့အချိန်ထိတိုင် မလျော့သောဇွဲ၊လုံ့လ၊ဝီရိယတွေနဲ့ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေကြတဲ့ သွေးချင်းညီအစ်ကိုမောင်နှမတွေရဲ့လှုပ်ရှားမှုပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T