ကွယ်လွန်တာနှစ်လပြည့်ပြီဖြစ်တဲ့ မိခင်အတွက် ရည်စူးကာ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပေးနေတဲ့ ခင်ဇာခြည်ကျော်

//s9.kh1.co/e3/e3a8d52ca52f0eb8b3cc90c9abe644bd494bfe74.jpeg
အနုပညာရှင်များ

 ၁၈-ပြီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ခင်ဇာခြည်ကျော်ကတော့  Single Mother ဘဝဖြင့်  သားနဲ့ သမီးကို လိုလေသေးမရှိအောင်  ပြုစုစောင့်ရှောက်နေတဲ့  မိခင်ကောင်းတစ်ဦး  ဖြစ်ပါတယ်။  ကလေးနှစ်ယောက်ကပါ  မိခင်ဖြစ်သူရဲ့  အနုပညာအမွေကို ဆက်ခံရရှိကာ  သားအမိသုံးယောက်လုံး  အနုပညာလှုပ်ရှားမှုတွေ  လုပ်ဆောင်နေကြတာ  ဖြစ်ပါတယ်။မိသားစုအပေါ်ကို  အိမ်ထောင်ဦးစီးကောင်းတစ်ယောက်အဖြစ် ဦးဆောင်နေတဲ့  ခင်ဇာခြည်ကျော်ကို  ပရိသတ်တွေက  လေးစားအားကျနေကြတာပါ။

Photo Crd-Khin Zarchi Kyaw’s Facebook Account 
Photo Crd-Khin Zarchi Kyaw’s Facebook Account 
Photo Crd-Khin Zarchi Kyaw’s Facebook Account 
Photo Crd-Khin Zarchi Kyaw’s Facebook Account 

လွန်ခဲ့တဲ့  နှစ်လလောက်က  မိခင်ဆုံးပါးသွားတာကြောင့်  ပရိသတ်တွေက  ခင်ဇာခြည်ကျော်ရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုအတွက်  စိတ်မကောင်းဖြစ်နေကြတာပါ။ ခင်ဇာခြည်ကျော်ကတော့  မိခင်ဖြစ်သူအတွက် ရည်စူးကာ  ကုသိုလ်ကောင်းမှုတွေ နေ့စဉ်ပြုလုပ်ပေးနေတာလည်း  ဖြစ်ပါတယ်။  ဒီကနေ့မှာတော့  သူမရဲ့ မွေးသမိခင် ကွယ်လွန်တာနှစ်လပြည့်ပြီဖြစ်တာကြောင့်  မကြာသေးခင်နာရီပိုင်းလောက်က  ခင်ဇာခြည်ကျော့်လူမှုကွန်ယက်စာမျက်နှာတွင်မေမေ့အတွက် ရည်စူးပြီး အလှူအတန်းတွေ ပြုလုပ်ပေးနေတဲ့ ပုံရိပ်တွေကို ဝေမျှထားတာ  ဖြစ်ပါတယ်။

Photo Crd-Khin Zarchi Kyaw’s Facebook Account 
Photo Crd-Khin Zarchi Kyaw’s Facebook Account 
Photo Crd-Khin Zarchi Kyaw’s Facebook Account 
Photo Crd-Khin Zarchi Kyaw’s Facebook Account 

သူမကလည်း " မေမေရေ...

ဒီနေ့ဆို မေမေ သမီးတို့ကိုခွဲသွားတာ ၂လပြည့်ပြီနော်...သမီးတို့ရင်ထဲမှာ မေမေ့ကိုတစ်နေ့မှမေ့မရပါဘူး??

ယနေ့ ပြုပေးတဲ့ကုသိုလ်ကောင်းမှုကို မေမေရောက်ရာဘုံဘဝက သာဓု ခေါ်ပါ နော်....

မေ မေ ရေ

အမျှ..အမျှ...အမျှ

၁၈.၄.၂၀၂၁ " ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပြီး  ပရိသတ်တွေအတွက်  ဒီသတင်းကို တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Khin Zarchi Kyaw’s Facebook Account 

Photo Crd-Khin Zarchi Kyaw’s Facebook Account 
Photo Crd-Khin Zarchi Kyaw’s Facebook Account 
Photo Crd-Khin Zarchi Kyaw’s Facebook Account 
Photo Crd-Khin Zarchi Kyaw’s Facebook Account 
Photo Crd-Khin Zarchi Kyaw’s Facebook Account 
Photo Crd-Khin Zarchi Kyaw’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T