ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေဖို့ ပိုရင်လှူ လိုရင်ယူဆိုတဲ့ အစီအစဉ်လေးကို ပြုလုပ်ခဲ့ကြတဲ့ မန္တလေးမြို့

//s9.kh1.co/a3/a3ee12d141784b2b26917c8031c7b0a84ca0ad2b.jpeg
နေ့စဉ်သတင်းများ

 ၁၈-ပြီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.....

ခုဆိုရင် (၂) လကျော်ကြာမြင့်နေပြီဖြစ်တဲ့ ဒီလူထုလှုပ်ရှားမှုကြီးကြောင့် မြန်မာနိုင်ငံအနှံအပြားရှိ ပြည်သူတွေဟာ အခက်အခဲတွေ မျိုးစုံကြုံတွေ့နေရသလို စိုးရိမ်ပူပန်မှုတွေများစွာနဲ့ နေ့စဉ်တိုင်း နေထိုင်နေကြရတာပါ။ဒီလို အခြေအနေတွေမှာ အားလုံးက တစ်ယောက်အခက်အခဲကို တစ်ယောက်ကူညီဖေးမရင်း အကောင်းဆုံး ကျော်ဖြတ်နေကြတာလည်းဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ခုလို ကာလတွေမှာ လက်လုပ်လက်စားပြည်သူတွေကလည်း လုပ်ငန်းတာဝန်တွေကိုမထမ်းဆောင်နိုင်တာကြောင့် စားဝတ်နေရေး အခက်အခဲတွေကို ကြုံတွေ့နေရသလို အပစ်အခတ်တွေနဲ့ရင်ဆိုင်နေရတဲ့ နေရာတွေမှာဆိုရင်လည်း ပြည်သူတွေဟာ မိမိတို့ အိုးအိမ်တွေကိုစွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတာတွေကိုလည်း စိတ်မချမ်းမြေ့စွာတွေ့မြင့်ရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒါ့ကြောင့်လည်း ခုဆိုရင် ပြည်သူအချင်းချင်းဝိုင်းဝန်းကူညီထောက်ပံ့ပေးမှုတွေပြုလုပ်ပေးလာကြတာကို လေးစားစွာတွေ့မြင်ရပါတယ်။အခု မန္တလေးမှာ ဆိုရင်လည်း ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်ပြီး ပိုရင်လှူ လိုရင်ယူဆိုတဲ့ အစီအစဉ်လေးကို လမ်းမတန်း တစ်နေရာမှာ ပြုလုပ်​ပေးထားတာကိုတွေ့မြင်ရပါတယ်။လိုတဲ့သူတွေကလည်း လာရောက်ယူကြသလို လှူတဲ့သူများကလည်းလာရောက်လှူဒါန်းလျက်ရှိပါတယ်။ဒါ့အပြင် လူမျိုးဘာသာမရွေး လာရောက် ယူနိုင်ကြောင်းလည်းဖော်ပြထားတာတွေ့ရပါတယ်။ ပိုရင်လှူ လိုရင်ယူဆိုတဲ့အစီအစဉ်လေးကို မန္တလေးမှာသာမက ရန်ကုန်မြို့ရဲ့ အချို့နေရာ တော်တော်များများမှာလည်း ပြုလုပ်ပေးလျက်ရှိနေတာလည်းဖြစ်ပါတယ်။

Source&Photo Credit: Original Uploder 
Source&Photo Credit: Original Uploder 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T