မမဆောင်းလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ ခေါ်ဆိုကြတဲ့ မင်းသမီး ဆောင်းအိန္ဒြေထွန်းကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများတွင် ကျရာနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့သည်မှာ ဆယ်စုနှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကိုယ်တိုင်ရှာဖွေထားတဲ့ ချွေးနည်းစာများဖြင့် အလှူအတန်းတွေ အားတက်သရော လှူဒါန်းနေသူ ဖြစ်ပါတယ်။ စိတ်သဘောထားနူးညံ့သိမ်မွေ့ပြီး လူတိုင်းအပေါ်မှာလည်း ကူညီတတ်သူဖြစ်တာကြောင့် အားလုံးက ချစ်ခင်အားပေးနေကြတာပါ။
မမဆောင်းကတော့ မကြာသေးခင် ရက်ပိုင်းလောက်က သူမရဲ့ မွေးရပ်မြေဖြစ်တဲ့ မော်လမြိုင်မြို့ကို သွားရောက်မယ့်အကြောင်းကို ပရိသတ်တွေကို အသိပေးထားတာ ဖြစ်ပါတယ်။ မော်လမြိုင်မြို့ကို ရောက်ရှိနေစဉ်အတွင်းမှာလည်း ကုသိုလ်ကောင်းမှုတွေ လုပ်နေပြီး အားလုံးလည်း သာဓုခေါ်ဆိုနိုင်အောင် သူမရဲ့လူမှုကွန်ယက်များတွင် အလှူပုံရိပ်တွေကို ဝေမျှထားတာ ဖြစ်ပါတယ်။မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း မမဆောင်းရဲ့ Facebook Page တွင် နှစ်ဆန်းတစ်ရက်နေ့ အလှူတွေ ပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေ တင်ထားတာပါ။
သူမကလည်း " နှစ်ဆန်း ၁ ရက်နေ့ အလှူ ( မော်လမြိုင် အိမ် အနောက်မှာ ဌားနေသူတွေကို မမဆောင်းရဲ့ အလှူ) အသက်ရွယ်ကြီးသူတွေရော လူကြီးတွေရောကို ပိုက်ဆံ လှူခဲ့ပါတယ်ကလေးတွေကို မုန့်လှူ???
မမဆောင်း ကုသိုလ် ထပ်တူရပါစေနော် " ဆိုပြီး ရေးသားဝေမျှထားတာဖြစ်ပြီး ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်စေရန် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd-Ma Ma Saung’s Facebook Page