နှစ်သစ်အခါသမယမှာ ပြည်သူတွေ ဖြစ်ချင်တဲ့ ရင်ထဲကဆန္ဒတွေ အမြန်ဆုံးပြည့်ဝပါစေလို့ ဆုတောင်းပေးလိုက်တဲ့ ဥက္ကာမင်းမောင်

//s9.kh1.co/c3/c3c034cf5f4ce4621fc32ee1c5df5f4e17f06c8f.jpeg
အနုပညာရှင်များ

 ၁၇-ပြီ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ဥက္ကာမင်းမောင်ကတော့  ပြည်ပနိုင်ငံတွင် နေထိုင်လျက်ရှိပြီး  အနုပညာလှုပ်ရှားမှုတွေကိုလည်း  အလုပ်အားလပ်ချိန်များတွင်  လုပ်ကိုင်နေသူ တစ်ဦး  ဖြစ်ပါတယ်။  ပြည်ပမှာ နေပေမယ့်လည်း ပြည်သူတွေနဲ့အတူ  တစ်သွေးတည်း  တစ်သားတည်း ဖြစ်ကြောင်း  ထုတ်ဖော်ပြောကြားထားသူပါ။ ဒါ့အပြင် မြန်မာပြည်ကြီး  အမြန်ဆုံးအေးချမ်းအောင်လည်း ဆုတောင်းပေးနေသူပါ။  

Photo Crd-Okkar Min Maung’s Facebook Page 
Photo Crd-Okkar Min Maung’s Facebook Page 
Photo Crd-Okkar Min Maung’s Facebook Page 
Photo Crd-Okkar Min Maung’s Facebook Page 

​သူနေထိုင်တဲ့ နေရာတွင်  ပြုလုပ်တဲ့   မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့  ဆန္ဒထုတ်ဖော်ပွဲတွေမှာလည်း  တက်ကြွစွာ  ပါဝင်ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။  လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုလည်း  သူ့ရဲ့လူမှုကွန်ယက်များမှတစ်ဆင့်  ဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  ဥက္ကာမင်းမောင်ရဲ့Facebook Page တွင်  နှစ်သစ်အခါသမယမှာ ပြည်သူတွေ ဖြစ်ချင်တဲ့ ရင်ထဲကဆန္ဒတွေ အမြန်ဆုံးပြည့်ဝပါစေလို့ဆုတောင်းပေးထားတာ  ဖြစ်ပါတယ်။

Photo Crd-Okkar Min Maung’s Facebook Page 
Photo Crd-Okkar Min Maung’s Facebook Page 
Photo Crd-Okkar Min Maung’s Facebook Page 
Photo Crd-Okkar Min Maung’s Facebook Page 

သူကလည်း " Happy Myanmar New Year.. နှစ်သစ်မှာ ​ခုနှစ်ရက်သားသမီးများအားလုံး စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး ဖြစ်ချင်တဲ့ ပြည်သူ့ရင်ထဲကဆန္ဒ​တွေ အကုန် ပြည့်ဝကြပါ​စေ..အားလုံးရန်သူမျိုးငါးပါး​ဘေးနှင့် မတရားညှင်းပန်းနှိပ်စက်ခံရခြင်း ​ဘေးဒဏ်မှ ပြည်သူများအားလုံး လွတ်​မြောက်ရပါလို၏... မြန်မာပြည်ကြီး အရင်လို အမြန်ဆုံး ​အေးချမ်းပါ​စေ.. သင်္ကြန်​​​ရေနှင့်အတူ မ​ကောင်း​​သော ကံ၊ မ​ကောင်း​​သော ​ဘေးဥပါဒ်၊ မ​ကောင်း​​သော စနစ်ဆိုး​တွေ ​မျောပါ ကုန်​ဆုံးပ​ပျောက်ပြီး ​ပျော်ရွှင်ခြင်း​တွေပြန်လည်ယူ​ဆောင်လာပါ​စေ..ခင်ပွန်းကြီး ဆယ်ပါးနှင့်အတူ အ​မေစု၊ သမ္မတကြီး နှင့် ဖမ်းဆီးခံရသူများအားလုံး အတွက်လည်း ဆု​တောင်း​မေတ္တာပို့သလိုက်ပါတယ်..??? " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး  ပရိသတ်တွေအတွက် ဒီသတင်းကို  တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Okkar Min Maung’s Facebook Page 

Photo Crd-Okkar Min Maung’s Facebook Page 
Photo Crd-Okkar Min Maung’s Facebook Page 
Photo Crd-Okkar Min Maung’s Facebook Page 
Photo Crd-Okkar Min Maung’s Facebook Page 
Photo Crd-Okkar Min Maung’s Facebook Page 
Photo Crd-Okkar Min Maung’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T