ဘဝမှာ ငွေကြေးချမ်းသာဖို့ထက် ကိုယ့်လိပ်ပြာကိုယ်လုံဖို့ အရေးကြီးကြောင်း ပြောပြလာတဲ့ စူးရှထက်

//s9.kh1.co/66/66bfe37191199edd61884a5445ff7fe1a659074c.jpeg
အနုပညာရှင်များ

 ၁၇-ပြီ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

မော်ဒယ် စူးရှထက်ကတော့  အလှူရေစက်လက်နဲ့မကွာဆိုသလို  ကုသိုလ်ရေးမှာ ရှေ့ဆုံးကနေ  ဦးဆောင်  လှူဒါန်းနေသူ တစ်ဦးဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး  လူတိုင်းအပေါ်လည်း  ကူညီချင်စိတ်ရှိသူ  ဖြစ်တာကြောင့်  ပရိသတ်တွေက  ချစ်ခင်အားပေးနေကြတာလည်း  ဖြစ်ပါတယ်။  အလှူတွေကိုလည်း  အမြဲမပြတ်လှူဒါန်းနေပြီး  အခြေအနေတွေကြောင့် ပုံတွေ မတင်ဖြစ်ကြောင်းကိုလည်း  ပရိသတ်တွေကို ရှင်းပြထားပါသေးတယ်။

Photo Crd- Zar Chi’s Facebook Account 
Photo Crd- Zar Chi’s Facebook Account 
Photo Crd- Zar Chi’s Facebook Account 
Photo Crd- Zar Chi’s Facebook Account 

ပရိသတ်တွေကလည်း  သူမရဲ့ လုံခြုံရေးကို  စိတ်ပူနေကြပေမယ့်လည်း  စူးရှထက်ကတော့  အဆင်ပြေစွာ  ရှိနေကြောင်းကို  လူမှုကွန်ယက်စာမျက်နှာထက်တွင်  အမြဲရေးသား ဝေမျှပေးနေတာ  ဖြစ်ပါတယ်။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  စူးရှထက်ရဲ့Facebook အကောင့်တွင်  ဘဝမှာ ငွေကြေးချမ်းသာဖို့ထက် ကိုယ့်လိပ်ပြာကိုယ်လုံဖို့ အရေးကြီးကြောင်း ရေးသား ပြောပြလာပါသေးတယ်နော်။

Photo Crd- Zar Chi’s Facebook Account 
Photo Crd- Zar Chi’s Facebook Account 
Photo Crd- Zar Chi’s Facebook Account 
Photo Crd- Zar Chi’s Facebook Account 

" ဘဝမှာ ပိုက်ဆံရှိဖို့ မလိုဘူး

လိပ်ပြာ လုံဖို့ပဲလိုတယ်ဟေ့

ကိုယ်စားတဲ့ ထမင်းအလုတ်တိုင်း

ဘယ်သူ့ကျေးဇူးတွေပါနေလဲဆိုတာ သတိရကြပါ 

ကိုယ့်ကိုထမင်းကျွေးတဲ့သူတွေပေါ်

ဘယ်တော့မှ မစော်ကားမိပါစေနဲ့ ???" ဆိုပြီး ရေးသားထားတာ  ဖြစ်ပါတယ်။  ပရိသတ်တွေကလည်း  သူမရဲ့ ဒီလိုစိတ်ထားလေးကြောင့်  ပိုပိုပြီး  ချစ်လာတယ်လို့လည်း  မှတ်ချက်ပေးရေးသားထားကြတာပါ။  အားလုံးလည်း  သိရှိနိုင်စေရန်အတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Zar Chi’s Facebook Account 

Photo Crd- Zar Chi’s Facebook Account 
Photo Crd- Zar Chi’s Facebook Account 
Photo Crd- Zar Chi’s Facebook Account 
Photo Crd- Zar Chi’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T