နှစ်ဆန်းတစ်ရက်နေ့တွင် နေအိမ်မှာဘဲ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ရင်းအေးချမ်းစွာ ဖြတ်သန်းနေတဲ့ ချောရတနာ

//s9.kh1.co/65/6508551005cd32dc2ce904843fec7f0cbe934f4b.jpeg
အနုပညာရှင်များ

 ၁၇-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ချောရတနာကတော့  ဆယ်စုနှစ်ကျော်တိုင်အောင်  အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးမှုတွေကို  သိမ်းပိုက်ရရှိထားတာ  ဖြစ်ပါတယ်။ အမှန်တရားဘက်ကနေ  ပြည်သူတွေနဲ့အတူ  မားမားမတ်မတ်ရပ်တည်ပေးနေတာကြောင့်လည်း ပရိသတ်တွေက  ပိုပြီးတော့တောင်  လေးစားအားကျနေကြတာပါ။  လိုအပ်တဲ့နေရာတွေကိုလည်း  တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးနေသူ တစ်ဦး ဖြစ်ပါတယ်။

Photo Crd-Chaw Yadanar’s Facebook Page 
Photo Crd-Chaw Yadanar’s Facebook Page 
Photo Crd-Chaw Yadanar’s Facebook Page 
Photo Crd-Chaw Yadanar’s Facebook Page 

လက်ရှိဖြစ်ပေါ်နေတဲ့  အခြေအနေတွေ  ပြန်လည်တည်ငြိမ်ပြီး  မြန်မာပြည်ကြီး  အမြန်ဆုံး  အေးချမ်းသွားစေအောင်လည်း  ဘုရားရှိခိုးတိုင်း ဆုတောင်းပေးနေတာ ဖြစ်ပါတယ်။  သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်လည်း  တိကျတဲ့ သတင်းအချက်အလက်တွေကို ဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  ချောရတနာရဲ့Facebook Page တွင် နှစ်ဆန်းတစ်ရက်နေ့တွင်  နေအိမ်မှာဘဲ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ရင်းအေးချမ်းစွာ ဖြတ်သန်းနေတဲ့ ပုံရိပ်တွေကို ဝေမျှပေးထားတာပါ။

Photo Crd-Chaw Yadanar’s Facebook Page 
Photo Crd-Chaw Yadanar’s Facebook Page 
Photo Crd-Chaw Yadanar’s Facebook Page 
Photo Crd-Chaw Yadanar’s Facebook Page 

သူမကလည်း " ? နှစ်ဆန်း (၁) ရက်နေ့ ယောဆရာတော်ဘုရားကြီးသစ္စာပြုပုံ?

*မြတ်စွာဘုရား၏အသက်ကို မည်သူမျှ အန္တရာယ်မပြုနိုင်ပါ။

*မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော် ကို မည်သူမျှ အန္တရာယ်မပြုနိုင်ပါ။

*မြတ်စွာဘုရားအား လှူဒါန်းထားသော ပစ္စည်းလေးပါးကို မည်သူမျှ အန္တရာယ်မပြုနိုင်ပါ။

*ဤစကားမှန်ကြောင့် တိုင်းသူပြည်သား လူအများ အသက်အန္တရာယ် လုံးဝ ကင်းစင်ပါစေ သတည်း။

*ဤစကားမှန်ကြောင့် တိုင်းသူပြည်သား လူအများ ဘေးရန်ကြောင့်ကြ ဒုက္ခလွတ်ကြပါစေသတည်း။

*ဤစကားမှန်ကြောင့် တိုင်းသူပြည်သား လူအများ အေးမြချမ်းသာ ကျန်းမာကြပါစေသတည်း။

??????????

(ယောဆရာတော် ဘုရားကြီး) " ဆိုပြီး   ရေးသားဝေမျှပေးထားတာကြောင့်   ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်အောင်  တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Chaw Yadanar’s Facebook Page 

Photo Crd-Chaw Yadanar’s Facebook Page 
Photo Crd-Chaw Yadanar’s Facebook Page 
Photo Crd-Chaw Yadanar’s Facebook Page 
Photo Crd-Chaw Yadanar’s Facebook Page 
Photo Crd-Chaw Yadanar’s Facebook Page 
Photo Crd-Chaw Yadanar’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T