လူသားအချင်းချင်းစာနာထောက်ထားတာကြောင့် မီးဘေးဒုက္ခခံစားနေရတဲ့ပြည်သူတွေကို သွားရောက်လှူဒါန်းပေးခဲ့ကြတဲ့ သံဃာတော်များ

//s9.kh1.co/ac/ac5a361b85fc6368fa7698d9f0c3ec1d76fb8749.jpeg
နေ့စဉ်သတင်းများ

 ၁၇-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

လူသားအချင်းချင်းစာနာထောက်ထားတာကြောင့် မီးဘေးဒုက္ခခံစားနေရတဲ့ပြည်သူတွေကို သွားရောက်လှူဒါန်းပေးခဲ့ကြတဲ့ သံဃာတော်များ

ပြည်သူတွေကတော့ အခုလိုကာလမျိုးမှာ ဘယ်သူ့ကိုမဆို စိတ်ရင်းစေတနာရှေ့ထားပြီးဆက်ဆံကာ လက်ရှိအခြေအနေကို အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်နေကြတာဖြစ်ပါတယ်။လတ်တလောမှာဆိုရင် တချို့မြို့နယ်တွေမှာ မီးဘေးကိုခံစားနေရတဲ့ပြည်သူတွေအတွက်လည်း ဝိုင်းဝန်းကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။မကြာသေးခင်ရက်ပိုင်းအတွင်းကလည်း မန္တလေးမြို့၊၃လမ်း၊နွားခြံကုန်းရပ်ကွက်၊သူကြီးလမ်းသွယ်မှ အိမ်ခြေ(၄၀)ခန့်မီးလောင်ကျွမ်းခဲ့တာကြောင့် တချို့ပြည်သူတွေ အိုးမဲ့၊အိမ်မဲ့ဖြစ်သွားခဲ့ရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မီးဘေးဒုက္ခကိုခံစားနေရတဲ့ပြည်သူတွေကို ကူညီဖေးမပေးဖို့အတွက် သံဃာတော်များက ကိုယ်တိုင်သွားရောက်လှူဒါန်းပေးခဲ့ကြတာဖြစ်ပါတယ်။မီးဘေးသင့်ပြည်သူတွေအတွက် အခြေခံစားသောက်ကုန်တွေအပြင် အိုးခွက်တွေနဲ့ ငွေကြေးတချို့ကိုပါပေးအပ်ခဲ့တာဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ လူတိုင်းက ဘယ်သူ့ကိုမဆို မေတ္တာတရားရှေ့ထားကြပြီး ကိုယ်တတ်နိုင်သလောက် အစွမ်းကုန်ကူညီပေးကြတာဖြစ်လို့ အရမ်းပီတိဖြစ်စရာကောင်းလှတဲ့အခြေအနေပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဘုရားသားတော်တွေဖြစ်တဲ့ ရဟန်း၊သံဃာတော်တွေကလည်း လူသားတိုင်းအပေါ်မှာ မေတ္တာတရားထားပေးကြတာဖြစ်ပါတယ်။မီးဘေးဒုက္ခသည်တွေအတွက် ပြန်လည်ထူထောင်ရေးအစီအစဉ်မှာ ပြည်သူလူထုကလည်းအားကြိုးမာန်တက်ကူညီပေးနေကြတာဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ ဘာသာရေးခွဲခြားမှုလည်းမရှိဘဲအကုန်လုံးချစ်ချစ်ခင်ခင်နဲ့ စည်းလုံးစွာနေထိုင်နေကြတာဖြစ်ပါတယ်။မီးဘေးသင့်ပြည်သူတွေကို ဝိုင်းဝန်းဖေးမပြီးစေတနာအပြည့်နဲ့ကူညီပေးခဲ့ကြတဲ့ သံဃာတော်တွေရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T