ခေါပုတ်တွေကို ပုံစံမျိုးစုံဖော်ကာ ထူးထူးခြားခြား ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ နောင်ချိုမြို့က ခေါပုတ်သပိတ်

//s9.kh1.co/fc/fcc21e0d8ed575087c34dc423eff8d5a0a447dea.jpeg
နေ့စဉ်သတင်းများ

 ၁၇-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.....

ခုဆိုရင်နေရာအနှံအပြားက ပြည်သူများဟာ နည်းမျိုးစုံကို အသုံးချကာ ဆန္ဒထုတ်ဖော်မှုတွေကို ညီညီညွတ်ညွတ် ပြုလုပ်နေကြတာ တကယ်ကို လေးစားစရာ မြင်ကွင်းတွေပါပဲနော်။ ထိုမြင်ကွင်းတွေကပဲ ကမ္ဘာတစ်ဝှမ်းရဲ့ သတင်းတွေထိပြန့်နှံ့ခဲ့သလို လူငယ်တွေရဲ့ တီထွင်နိုင်မှုတွေကို ချီးကျူးဂုဏ်ပြုနေကြတာပါ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အားလုံးက သူ့နေရာနဲ့သူတာဝန်ကိုယ်စီကျေပွန်နေကြသလို မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့ အခက်အခဲတွေကြားကနေပဲ ရှေ့ဆက်သွားနေကြတာလည်းဖြစ်ပါတယ်။အသက်ပေးသွားကြတဲ့ သူရဲကောင်းတွေကိုလည်း ပြည်သူတွေက ဒီနေ့ထိမမေ့ပဲ ဆုတောင်းပေးခြင်းတွေပြုလုပ်ကာ ဂုဏ်ပြုပေးနေကြတာလည်းတွေ့ရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

သင်္ကြန်ရက်တွေမှာလည်း နေရာတိုင်းမှာ ရေဆော့ကစားခြင်းမပြုကြဘဲ မိမိတို့မြို့နယ်တွေမှာပဲ ဆန္ဒထုတ်ဖော်မှုတွေကို မျိုးစုံပြုလုပ်နေကြတာပါ။မနေ့က သင်္ကြန်အတတ်နေ့မှာဆိုလည်း ရှမ်းပြည်မြောက်ပိုင်းနောင်ချိုမြို့မှာ ရိုးရာအစားအသောက်တစ်ခုဖြစ်တဲ့ ခေါပုတ်လေးတွေကို ပုံစံမျိုးစုံဖန်တီးကာ ထူးထူးခြားခြား ဆန္ဒထုတ်ဖော်ခဲ့ကြတာကိုတွေ့ရပါတယ်။ပရိသတ်ကြီးအတွက် နောင်ချိုမြို့ရဲ့ ခေါပုတ်သပိတ်ပုံရိပ်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ 

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Source & Photo Credit: Original Uploder 
Source & Photo Credit: Original Uploder 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T