သရုပ်ဆောင် သဇင်ထူးမြင့်ကတော့ အနုပညာလောကတွင် အချိန်တိုအတွင်းအောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားတဲ့ တက်သစ်စ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ရိုးရိုးလေးနေတတ်တဲ့ သူမရဲ့ ပုံစံလေးကြောင့်လည်း ပရိသတ်တွေက တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ချစ်ခင်အားပေးလာကြတာ ဖြစ်ပါတယ်။ အရေးကြုံတဲ့အခါတိုင်း ပြည်သူတွေဘက်ကနေ ရပ်တည်ပေးနေတဲ့ သူမရဲ့စိတ်ဓာတ်ကိုတော့ အားလုံးက မချီးကျူးဘဲ မနေနိုင်အောင်ပါပဲနော်။
လက်ရှိမှာတော့ အခြေအနေအရပ်ရပ်ကြောင့် ခေတ္တခဏ တိမ်းရှောင်နေရပေမယ့်လည်း တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနေသူလည်း ဖြစ်ပါတယ်။ ပရိသတ်တွေ စိတ်မပူအောင်လည်း စာလေးတွေ တင်ကာ ပြောပြနေတာပါ။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သဇင်ထူးမြင့်ရဲ့ Instagram တွင် ပုံလေးတစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။
ဒါကတော့ လတ်တလော Facebook မသုံးဖြစ်ပေမယ့်လည်း ပရိသတ်တွေနဲ့ အဆက်သွယ် မပြတ်အောင် အခြားလူမှုကွန်ယက်များအသုံးပြုနေတဲ့ အကြောင်းကို ရေးသားထားတာ ဖြစ်ပါတယ်။ " လက်ရှိအရမ်းခက်ခဲနေတဲ့အခြေအနေအရ မတတ်နိုင်လို့ ခဏ D ထားရပေမယ့် IG ရော Twitter မှာပါ ရှိနေပါမယ် အရေးတော်ပုံ အောင်ရမည် " ဆိုပြီး ရေးသားထားတာဖြစ်တာကြောင့် ပရိသတ်တွေလည်း သိရှိရအောင် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd-Thazin Htoo Myint’s IG Account