အသက်သာငယ်ကြပေမယ့် ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်ကြလို့ ရုပ်ပုံလေးတွေနဲ့ သရုပ်ဖော်ထားကြတဲ့ Gen Alphaလေးတွေ

//s9.kh1.co/0e/0e4ca9f0b6b8cd29e2eba1a2f4d6ef98f02d4d69.jpeg
နေ့စဉ်သတင်းများ

 ၁၆-ပြီ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

အသက်သာငယ်ကြပေမယ့် ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်ကြလို့ ရုပ်ပုံလေးတွေနဲ့ သရုပ်ဖော်ထားကြတဲ့ Gen Alphaလေးတွေ

ယခုလိုအချိန်ကာလမှာတော့ လူကြီး၊လူငယ်မရွေးက တစ်ထောင့်တစ်နေရာကနေ အားသွန်ခွန်စိုက်ကြိုးစားနေကြတာဖြစ်ပါတယ်။ပြည်သူလူထုကလည်း မလျော့သောဇွဲ၊လုံ့လ၊ဝီရိယတို့နဲ့ ရင်ဆိုင်လာကြတာ (၂)လကျော်ကြာသွားပြီဖြစ်ပါတယ်။နှစ်စဉ်၊နှစ်တိုင်း ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲကြတဲ့ မြန်မာ့ရိုးရာအခါသင်္ကြန်ပွဲတော်ကို ပြည်သူတွေက(၂၀၂၀)ခုနှစ်မှာလည်း COVID-19 ကြောင့် မဆင်နွှဲလိုက်ရသလို (၂၀၂၁)ခုနှစ်မှာလည်း လက်ရှိအခြေအနေတွေကြောင့် ဝမ်းနည်းနာကျင်နေရတာပဲဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

Gen X,Y,Z တွေကတော့ အပြန်အလှန်အားပေးကူညီကြရင်း လူထုလှုပ်ရှားမှုတွေကို တစ်နေ့တစ်မျိုးမရိုးရအောင်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။မိမိတို့စွမ်းဆောင်နိုင်တဲ့နေရာကနေ တက်တက်ကြွကြွနဲ့ ပါဝင်လှုပ်ရှားနေကြတဲ့သူတွေထဲမှာ Gen Alphaလေးတွေကလည်း တတ်နိုင်သလောက်အားဖြည့်ပေးနေကြတာ ဖြစ်ပါတယ်။အခုဆိုရင်လည်း Gen Alphaလေးတွေက ချစ်စရာရုပ်ပုံလေးတွေနဲ့ လက်ရှိအခြေအနေကို သရုပ်ဖော်ထားကြတာဖြစ်ပါတယ်။ကလေးတွေကတော့ အသက်ငယ်ကြပေမယ့် စိတ်ကူးကောင်းကောင်းလေးတွေရှိကြလို့ အရမ်းချီးကျူးဖို့ကောင်းပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကလေးငယ်လေးတွေကတော့ “Save for Myanmar” “ဘယ်တော့မှသွေးမအေးသွားဘူး”စတဲ့စကားလုံးလေးတွေကိုရုပ်ပုံလေးတွေနဲ့ သေသေချာချာလက်စွမ်းပြထားကြတာဖြစ်ပါတယ်။Gen Alphaလေးတွေရဲ့ အခုလိုစိတ်ကူးကောင်းလေးတွေကို ပြည်သူလူထုကလည်းအသိအမှတ်ပြုပြီး ချီးကျူးနေကြတာဖြစ်ပါတယ်။လက်ရှိအခြေအနေမှာဆိုရင် လူကြီး၊လူငယ်တွေသာမက ကလေးငယ်လေးတွေကပါ ရှိသမျှအင်အားလေးနဲ့ ပါဝင်ကူညီနေကြတဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T