လူပေါင်းများစွာ တစ်ရက်တည်းအသက်ဆုံးရှုံးခဲ့ရလို့ သင်္ကြန်အကြတ်နေ့မှာ ကြေကွဲစွာနဲ့ရက်လည်ဆွမ်းကပ်နေရတဲ့ ပဲခူးမြို့က အိမ်ပေါင်း(၈၀)ကျော်

//s9.kh1.co/aa/aa7034e139ad0689b0e360062c6db6dea5ae9e82.jpeg
နေ့စဉ်သတင်းများ

 ၁၆-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

လူပေါင်းများစွာ တစ်ရက်တည်းအသက်ဆုံးရှုံးခဲ့ရလို့ သင်္ကြန်အကြတ်နေ့မှာ ကြေကွဲစွာနဲ့ရက်လည်ဆွမ်းကပ်နေရတဲ့ ပဲခူးမြို့က အိမ်ပေါင်း(၈၀)ကျော်

မြို့တိုင်း၊နယ်တိုင်းမှာပြုလုပ်ကြတဲ့ လူထုလှုပ်ရှားမှုတွေကို ဖြိုခွင်းခံရလို့ တချို့ ပြည်သူတွေလည်း ကျည်ထိမှန်ပြီးကျဆုံးခဲ့ရတာဖြစ်ပါတယ်။နေ့တိုင်းနီးပါး ကျဆုံးသူရဲကောင်းတွေရှိပေမယ့် ပြည်သူတွေကတော့ အကြောက်တရားကင်းမဲ့စွာနဲ့ ဆက်လက်ရင်ဆိုင်နေကြဆဲဖြစ်ပါတယ်။လူထုလှုပ်ရှားမှုတွေကို နည်းလမ်းအမျိုးမျိုးနဲ့ဆောင်ရွက်နေကြပြီး အခုလိုသင်္ကြန်ရက်ကာလမှာတောင် ပြည်သူတွေကတက်ညီလက်ညီနဲ့  အတာအိုးသပိတ်၊မုန့်လုံးရေပေါ်သပိတ် စတာတွေကိုဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

သင်္ကြန်ကာလဆိုတာ မြန်မာလူမျိုးတွေရဲ့ ချစ်စရာရိုးရာဓလေ့ဖြစ်ပေမယ့် အခုဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် ဘယ်သူမှမပျော်ရွှင်နိုင်ကြတာဖြစ်ပါတယ်။သင်္ကြန်အကြတ်နေ့ကဆိုရင် ပဲခူးကအိမ်ပေါင်း(၈၀)ကျော်ကတော့ဝမ်းနည်းကြေကွဲစွာနဲ့ ရက်လည်ဆွမ်းကပ်နေရတာဖြစ်ပါတယ်။ဧပြီလ(၁၀)ရက်နေ့က ပဲခူးမှာပြုလုပ်တဲ့ လူထုလှုပ်ရှားမှုတွေကို ဖြိုခွင်းခံရလို့ သူရဲကောင်းအယောက်(၈၀)ကျော် အသက်ပေးသွားခဲ့ရတာဖြစ်ပါတယ်။ကျဆုံးသွားတဲ့သူရဲကောင်းတွေထဲမှာ အနာဂတ်အတွက်သားကောင်းရတနာလေးတွေဖြစ်တဲ့ လူငယ်လေးတွေ အများအပြားပါဝင်နေတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပြည်သူလူထုကလည်း နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားရတဲ့ သူရဲကောင်းတွေအတွက် ကြေကွဲဝမ်းနည်းရင်း ဒီလိုအခါကြီးရက်ကြီးမှာ ကုသိုလ်ကောင်းမှူတွေပါပြုလုပ်ပေးနေကြတာဖြစ်ပါတယ်။ကျန်ရစ်သူမိသားစုဝင်တွေအနေနဲ့လည်း ဘာနဲ့မှအစားထိုးလို့မရနိုင်တဲ့ မိမိတို့ရဲ့သွေးသားရင်းခြာတွေကို ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။၂၀၂၁ခုနှစ်ရဲ့ အတာသင်္ကြန်ရက်တွေကတော့ ပြည်သူတွေရဲ့ရင်ထဲမှာ ဝမ်းနည်းမှုတွေနဲ့ နာကျင်ခံစားနေရကြောင်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T