သရုပ်ဆောင် ဝေဠုကျော်ကတော့ ကုသိုလ်ရေးတွင် တတ်နိုင်တဲ့ ဘက်ကနေ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတသူရဲကောင်း တစ်ဦး ဖြစ်ပါတယ်။ ပရဟိတအလုပ်တွေကို စိတ်ရောကိုယ်ပါ အားတက်သရော လုပ်ဆောင်မှုတွေကို ကြည့်ပြီး ပရိသတ်တွေက အားကျအတုယူနေကြတာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ကူညီပေးရုံတင်မကဘဲ အရေးကြီးတဲ့ အချိန်များမှာလည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေသူ ဖြစ်ပါတယ်။
လတ်တလောမှာတော့ စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေများကိုလည်း အလှူရှင်များရဲ့ လှူဒါန်းမှုများအား ကိုယ်စား ကူညီထောက်ပံ့ပေးနေတာပဲ ဖြစ်ပါတယ်။ သင်္ကြန်တွင်းမှာတောင် မနားမနေ ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ဝေဠုကျော်ရဲ့ စိတ်ထားကတော့ ဂုဏ်ယူစရာကောင်းလှပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဒီကနေ့တွင် သွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်တွေကို ဝေမျှပေးထားတာ ဖြစ်ပါတယ်။
သူကလည်း " 15-4-.2021
#ဝေဠုကျော်ဖောင်ဒေးရှင်းသို့
ဦးဥာဏ်ဝင်း + ဒေါ်သီတာသိမ့် မိသားစု
USA
မှ
အလှူငွေ 600000 ကျပ်ကို နွမ်းပါး ပြည်သူများအတွက် လှူဒါန်းပေးပါတယ်။
လှူဒါန်းပေးမှုများအတွက် အလှူရှင်များ အား
ဖောင်ဒေးရှင်းမှ
အထူးကျေးဇူးတင် သာဓု ခေါ်ဆိုပါတယ်
လှူဒါန်းရသော အလှူဒါနသည်
နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်းဖြစ်
ပါစေ..
ကောင်းမှုအစုစုကြောင့်... ကောင်းကျိုးအရာရာ
လိုရာဆန္ဒ ပြည့်ဝ ပါစေ...
လိုတိုင်းတ, ရနိူင် ပါစေ....
အသက်ရှည်ကာ အနာမဲ့နိုင် ပါစေ...
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ်းမာခြင်း နှင့် ပြည့်စုံပါစေ
ကပ်ရောဂါ အပေါင်းမှ ကင်းဝေးနိုင်ပါစေ
လို့
ဆုတောင်းပေးလိုက်ပါတယ် " ဆိုပြီး ရေးသားထားတာဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။
Source and Photo Crd-Wai Lu Kyaw’s Facebook Page