သင်္ကြန်အကျနေ့မှာ သွေးမတိတ် ဆေးရောင်ခြယ်လူထုလှုပ်ရှားမှုကြီးကို ပြုလုပ်ခဲ့ကြတဲ့ စမ်းချောင်းကလူငယ်များ

//s9.kh1.co/ab/abff12129de5e539caf9df10560ed5d24e269415.jpeg
နေ့စဉ်သတင်းများ

 ၁၅-ပြီ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.....

သင်္ကြန်အကျနေ့ထိ မြန်မာနိုင်ငံရဲ့နေရာအနှံအပြားမှာ မည်သူတစ်ဦးတစ်ယောက်မှ ရေးဆော့ကစားခြင်းမရှိဘဲ တိတ်ဆိတ်ငြိမ်သက်လျက်ရှိပါတယ်။ သင်္ကြန်ပွဲတော်ကြီးကို မဆင်နွှဲကြပေမယ့် အခြားလှုပ်ရှားမှုမျိုးစုံကိုတော့ ပြည်သူပြည်သားတွေဟာ ညီညီညွတ်ညွတ်ဆန္ဒထုတ်ဖော်လျက်ရှိပါတယ်။

Photo By Myanmarload 
Photo By Myanmarload 
Photo By Myanmarload 
Photo By Myanmarload 

သင်္ကြန်အကြိုနေ့မှာဆိုရင်လည်း တစ်ချို့နေရာတွေမှာ ပန်းတောက်ပန်လေးတွေကို ပုံဖော်ရင်း ဆန္ဒထုတ်ဖော်ကြသလို အတာအိုးများကိုလည်း ဆေးရောင်စုံ ခြယ်သကာ မိမိတို့ရဲ့ ဆန္ဒတွေကို ထုတ်ဖော်ရေးသားရင်း လှုပ်ရှားမှုပြုလုပ်ကြတာကိုတွေ့ရပါတယ်။ပြည်သူတွေကတော့ ခုလိုအပစ်အခတ်တွေ အဖမ်းအဆီးတွေကြားကနေပဲ ဆန္ဒထုတ်ဖော်မှုတွေကို အားမလျော့ဘဲ လုပ်ကိုင်လျက်ရှိနေတာကို လေးစားစွာတွေ့မြင်ရပါတယ်။

Photo By Myanmarload 
Photo By Myanmarload 
Photo By Myanmarload 
Photo By Myanmarload 

အခုလည်း စမ်းချောင်းမြို့နယ်ရှိ လူငယ်များဟာ သွေးမတိတ် ဆေးရောင်ခြယ် လှုပ်ရှားမှုကြီးကို သင်္ကြန်အကျနေ့မှာ ငြိမ်းချမ်းစွာပြုလုပ်ခဲ့ကြတာတွေ့ရပါတယ်။ဒီလှုပ်ရှားမှုမှာပါဝင်တဲ့ ပြည်သူတစ်ယောက်ဟာဆိုရင်လည်း " " ကျဆုံးသူတွေရဲ့ သွေးဟာ ဘယ်တော့မှ မတိတ်ဘူး ။ လက်မှာရော.... ငါတို့ရဲ့ရင်ထဲမှာ ရော ဘယ်တော့မှ ခြောက်သွေ့မှာ မဟုတ်ဘူး ဒါကြောင့် သွေးမတိတ်တဲ့ ဆေးရောင်ခြယ် လူထုလှုပ်ရှားမှုကို အခုလို သင်္ကြန်အကျနေ့မှာလည်း ထပ်ပြီးလုပ်ကြတာပါ " လို့ပြောကြားထားတာလည်းဖြစ်ပါတယ်။

Photo By Myanmarload 
Photo By Myanmarload 
Photo By Myanmarload 
Photo By Myanmarload 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T