သွားလာရခက်ခဲပြီး အလှူရှင်အရောက်နည်းတဲ့ ကချင်ပြည်နယ်၊မိုင်းနားကျေးရွာဘက်က အိမ်ထောင်စုတွေကို လှူဒါန်းဖို့နှိုးဆော်လာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/bb/bba77428f660028ed1573979300b112da4148c01.jpeg
နေ့စဉ်သတင်းများ

 ၁၄-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

သွားလာရခက်ခဲပြီး အလှူရှင်အရောက်နည်းတဲ့ ကချင်ပြည်နယ်၊မိုင်းနားကျေးရွာဘက်က အိမ်ထောင်စုတွေကို လှူဒါန်းဖို့နှိုးဆော်လာတဲ့ ပြည်သူတစ်ဦး

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာဆိုရင် ပြည်သူလူထုကတော့ ဘယ်သူ့ကိုမဆို စေတနာသန့်သန့်နဲ့ တတ်နိုင်သလောက် ကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။လက်ရှိအချိန်မှာ စီးပွါးရေးတွေလည်းကြပ်တည်းနေကြတာကြောင့် မိသားစုစားဝတ်နေရေးအတွက်တောင် အဆင်မပြေကြတဲ့အိမ်ထောင်စုတွေအများအပြားရှိနေတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း စေတနာရှင်ပြည်သူတစ်စုက ခက်ခဲနေကြတဲ့မိသားစုတွေကို လှူဒါန်းဖို့အတွက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တိုက်တွန်းနှိုးဆော်နေကြတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်လည်း ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊မိုင်းနားကျေးရွာဘက်မှာ ပျှမ်းမျှအိမ်ထောင်စု(၄၀)ကျော်ဝန်းကျင်နဲ့ ကလေးအယောက်(၂၀)ကျော်အတွက် အခြေခံစားသောက်ကုန်တွေ လိုအပ်နေတာဖြစ်ပါတယ်။မိုင်းနားကျေးရွာလေးက သွားလာရ နည်းနည်းခက်ခဲပြီး အလှူရှင်အရောက်နည်းတာကြောင့် အခုလိုအချိန်မှာ အဆင်ပြေသလိုသာရပ်တည်နေကြရတာ ဖြစ်ပါတယ်။စေတနာရှင်ပြည်သူတစ်ဦးကတော့ မိုင်းနားကျေးရွာကပြည်သူတွေအတွက် ဆန်အိတ်တွေနဲ့ ကလေးကစားစရာအရုပ်တွေလှူဒါန်းဖို့ စီစဉ်နေတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လူသားချင်းစာနာထောက်ထားတတ်တဲ့ပြည်သူတွေကတော့ တတ်နိုင်သလောက်ကို ဝိုင်းဝန်းကူညီလှူဒါန်းနေကြတာဖြစ်ပါတယ်။အခုလိုကာလမှာ ပြည်သူတွေက စုဆောင်းထားတာလေးတွေနဲ့သာ ကြိုးစားရပ်တည်နေကြတာဖြစ်ပေမယ့် အလှူအတန်းဆိုရင် အရမ်းရက်ရောကြတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း မိုင်းနားကျေးရွာဘက်ကပြည်သူတွေကို တစ်နိုင်တစ်ပိုင်လေးကူညီချင်တယ်ဆိုရင်တော့ (09257790770)ကို ဆက်သွယ်မေးမြန်းပြီး လှူဒါန်းလို့ရကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T