အင်အားမမျှပေမယ့်လည်း စိတ်လျှော့သွေးအေးသွားစရာအကြောင်းမရှိဘူးဆိုပြီး ပြည်သူတွေကိုအားပေးစကားပြောလာတဲ့ နွယ်ဒါလီထွန်း

//s9.kh1.co/27/2798f25b23a138ebae11a2171c12a41520a4092c.jpg
အနုပညာရှင်များ

 ၁၄-ပြီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

အားပေးမှုပရိသတ်အခိုင်အမာနဲ့ အနုပညာလမ်းကြောင်းမှာ အောင်မြင်စွာရပ်တည်လျှောက်လှမ်းနေတဲ့ သရုပ်ဆောင်မင်းသမီးချောနွယ်ဒါလီထွန်းကတော့ လူထုလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်နေသူပဲ ဖြစ်ပါတယ်..။

နွယ်ဒါလီထွန်းကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့ ရပ်တည်နေပြီး လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကို အင်တိုက်အားတိုက်ပြုလုပ်ကာ တော်လှန်ရေးတိုက်ပွဲကြီးမှာ ရဲရဲဝင့်ဝင့်နဲ့တစ်တပ်တစ်အား ပါဝင်အားဖြည့်နေတာဆိုလည်း မမှားပါဘူး..။

Photo Credit - Nwe Darli Tun's Fb Acc
Photo Credit - Nwe Darli Tun's Fb Acc
Photo Credit - Nwe Darli Tun's Fb Acc
Photo Credit - Nwe Darli Tun's Fb Acc

လှုပ်ရှားမှုတွေကို တက်ကြွစွာလုပ်ဆောင်တာတွေကြောင့် ၅၀၅-က ဖြင့် အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ နွယ်ဒါလီထွန်းကတော့ ပြည်သူတွေ သွေးမအေးသွားစေဖို့ အားပေးစကားတွေ ပြောလာပါတယ်..။

အင်အားမမျှပေမယ့်လည်း ဘာအတွက်မှ စိတ်လျှော့သွေးအေးသွားစရာအကြောင်းမရှိသလို စိတ်လျော့လိုက်စရာအကြောင်းလည်း လုံးဝမရှိဘူးဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြည်သူတွေကို အားပေးစကားပြောလာတာ ဖြစ်ပါတယ်..။

Photo Credit - Nwe Darli Tun's Fb Acc
Photo Credit - Nwe Darli Tun's Fb Acc
Photo Credit - Nwe Darli Tun's Fb Acc
Photo Credit - Nwe Darli Tun's Fb Acc

"လူအင်အား၊ လက်နက်အင်အားမမျှလို့ ရှုံးရကြေး၊ စိတ်လျှော့လိုက်ရကြေးဆိုဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးတောင် ရအောင်ယူပေးနိုင်ခဲ့မှာတောင် မဟုတ်ဘူး ဘာအတွက်မှ စိတ်လျှော့လိုက်စရာအကြောင်းမရှိ သွေးအေးစရာလုံးဝကို မရှိနော်

ဒီအဆုံးသတ်တိုက်ပွဲ ငါတို့အားလုံးပါဝင်ဆင်နွှဲရမည် ✊?✊?✊?.." ဆိုပြီး အားပေးစကားပြောထားပဲ ဖြစ်ပါတယ်..။

သူမရဲ့ပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း အစစအရာရာဂရုစိုက်ဖို့ မှာထားကြပြီး အရေးတော်ပုံအောင်ဖို့အတွက် အားလုံးစည်းလုံးစွာ ဝိုင်းဝန်းကြိုးစားကြမယ့်အကြောင်းတွေကိုလည်း Comment တွေမှာ ရေးသားထားကြတာ တွေ့ရပါတယ်..။

Photo Credit - Nwe Darli Tun's Fb Acc
Photo Credit - Nwe Darli Tun's Fb Acc
Photo Credit - Nwe Darli Tun's Fb Acc
Photo Credit - Nwe Darli Tun's Fb Acc

သတင်း အရင်းအမြစ်Nwe Darli Tun's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T