မန္တလေးမြို့က နန်းတွင်းသင်္ကြန်တွင် ဖျော်ဖြေမယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပြန်လည်ဖြေရှင်းလိုက်တဲ့ စိုးမိုးကြည်

//s9.kh1.co/7d/7df0541cb3f80dc2a3d0a8aa32d4a2744c49d357.jpeg
အနုပညာရှင်များ

 ၁၄-ပြီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  စိုးမိုးကြည်ကတော့  ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများတွင်  ပါဝင်သရုပ်ဆောင်ရင်း  ပရိသတ်တွေရဲ့အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားသူ တစ်ဦး ဖြစ်ပါတယ်။  အခုနောက်ပိုင်းတွင်လည်း ရုပ်သံဇာတ်လမ်းတွဲများမှာပါ  ပါဝင်ရိုက်ကူးလာတာကို  တွေ့ရပါတယ်။  သရုပ်ဆောင်ပညာတွေကိုလည်း  မျိုးဆက်သစ်လူငယ်တွေအား အမြဲသင်ကြားပေးနေသူ တစ်ယောက်ပါ။

Photo Crd-Soe Moe Kyi’s Facebook Page 
Photo Crd-Soe Moe Kyi’s Facebook Page 
Photo Crd-Soe Moe Kyi’s Facebook Page 
Photo Crd-Soe Moe Kyi’s Facebook Page 

စိုးမိုးကြည်ကတော့  လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့်  မြန်မာပြည်ကြီး  အမြန်ဆုံး ငြိမ်းချမ်းအောင်လည်း  ဘုရားဝတ်ပြုတဲ့ အခါတိုင်း ဆုတောင်းပေးနေသူပါ။  လတ်တလော လူမှုကွန်ယက်စာမျက်နှာတွင်  သူမနဲ့ပတ်သက်ပြီး ကောလဟာလသတင်းတစ်ချို့  ပြန့်နှံ့နေတာပဲ  ဖြစ်ပါတယ်။  ဒါကတော့  ဒီနေ့ ညနေတွင်  မန္တလေးမြို့က နန်းတွင်းသင်္ကြန်ထဲတွင် သွားရောက်ဖျော်ဖြေမယ်ဆိုပြီး သတင်းတွေ ထွက်နေတာပါ။

Photo Crd-Soe Moe Kyi’s Facebook Page 
Photo Crd-Soe Moe Kyi’s Facebook Page 
Photo Crd-Soe Moe Kyi’s Facebook Page 
Photo Crd-Soe Moe Kyi’s Facebook Page 

မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  စိုးမိုးကြည်ရဲ့ Facebook Page တွင်  ဒီသတင်းဟာ မဟုတ်မှန်ကြောင်း  ပရိသတ်တွေကို ပြန်လည်ဖြေရှင်းထားတာ ဖြစ်ပါတယ်။ " ယခုအချိန်မှာ  ကျွန်မမိခင် ကျန်းမာရေးအခြေအနေကြောင့် ဘယ်ပွဲလမ်းသဘင်မှ သွားရောက်ဖျော်ဖြေခြင်းမရှိပါ သတင်းအမှားများကို မတင်စေလိုပါရှင်

၇ ရက်သားသမီးများ နှင့်ချစ်သောပရိသတ်များအားလုံးဘေးရန်အပေါင်းကင်းရှင်းပြီးအေးချမ်းကြပါစေရှင် " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Soe Moe Kyi’s Facebook page 

Photo Crd-Soe Moe Kyi’s Facebook Page 
Photo Crd-Soe Moe Kyi’s Facebook Page 
Photo Crd-Soe Moe Kyi’s Facebook Page 
Photo Crd-Soe Moe Kyi’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T