အရေးအကြီးဆုံးက သွေးမကွဲကြဖို့နဲ့ သွေးအေးမသွားကြရန်လိုကြောင်း ပရိသတ်တွေကို အားပေးစကားလေးပြောကြားလာတဲ့ မေ

//s9.kh1.co/38/386c9682f48ccdafe335ef6a5eb6d7cb84ad27e9.jpeg
အနုပညာရှင်များ

 ၁၄-ပြီ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

......

မေကတော့ မြန်မာနိုင်ငံရဲ့ ဒီအရေးတော်ပုံကြီးစတင်ထဲက ပြည်သူတွေနဲ့အတူ စိတ်ရောကိုယ်ပါနှစ်ပြီး ပါဝင်ရပ်တည်ခဲ့သူတစ်ယောက်ပါ။ဒါ့အပြင်သူရဲ့ အကောင့်ကနေလည်း မြန်မာနိုင်ငံမှာနေ့စဉ်ဖြစ်ပျက်သမျှတွေကို ကမ္ဘာသိအောင် အချိန်နဲ့တစ်ပြေးညီဖော်ပြပေးခဲ့သလို အရေးကြီးလိုက်နာသင့်တဲ့ သတင်းအချက်အလက်တွေကိုလည်း ဝေမျှပေးခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

Photo Credit : May Facebook Page 
Photo Credit : May Facebook Page 
Photo Credit : May Facebook Page 
Photo Credit : May Facebook Page 

သူကိုယ်တိုင်လည်း လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုတွေမှာ မျိုးစုံပါဝင်ခဲ့သူတစ်ယောက်ပါ ။ဒါ့အပြင် ဆန္ဒထုတ်ဖော်နေတဲ့ ရှေ့တန်းကပြည်သူတွေအတွက်လည်း အကာအကွယ်ပစ္စည်းများနဲ့ လိုအပ်တဲ့ပစ္စည်းများကိုလည်းလှူဒါန်းခဲ့ရာ တတ်နိုင်သလောက် ရရာနေရာကနေပါဝင် အားဖြည့်ခဲ့တာကြောင့် အားလုံးက လေးစားနေရတာပါ။

Photo Credit : May Facebook Page 
Photo Credit : May Facebook Page 
Photo Credit : May Facebook Page 
Photo Credit : May Facebook Page 

ဒီလိုတွေပါဝင်ခဲ့တာကြောင့်လည်း ခုဆိုခြိမ်းခြောက်ခံရမှုတွေရှိနေပြီး မေအနေနဲ့ မိသားစုနဲ့ ခွဲကာ တိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ အင်တာနက်ရတုန်းလေး ပရိသတ်တွေကို အားပေးစကားလေးခုလိုပြောကြားလာတာဖြစ်ပါတယ်။" ဘ‌ဝတွေနဲ့ လောင်းကြေးထပ်ပြီးတိုက်ရတဲ့ဒီပွဲက အလျော်အစားသိပ်ကြီးပါတယ် အရေးအကြီးဆုံးက သွေးမကွဲကြဖို့ပါပဲ သွေးလည်းအေးမသွားကြပါနဲ့နော် လိုင်းရတုန်းလေးခဏလာတင်တာပါ  အားလုံးကျန်းမာရေးလည်းဂရုစိုက်ကြပါနော်" ဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit : May Facebook Page 
Photo Credit : May Facebook Page 
Source & Photo Credit : May Facebook Page 
Source & Photo Credit : May Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T