နှစ်သစ်ကူးအခါသမယမှာသံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းပြီး ပြည်သူတွေဘေးအန္တရာယ်ကင်းစေဖို့ ဆုတောင်းမေတ္တာပို့သလိုက်တဲ့ ဟိန်းဝေယံ

//s9.kh1.co/0f/0fb66bfaf90cac05f97b01b775e8373204045ae7.jpg
အနုပညာရှင်များ

 ၁၃-ပြီ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေများစွာရရှိထားတဲ့ မင်းသားချောဟိန်းဝေယံကတော့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

ပြည်သူအားလုံးစည်းစည်းလုံးလုံးနဲ့ ပါဝင်ပြုလုပ်ကြတဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာလည်း လိုအပ်နေတဲ့ပြည်သူတွေကို ဖေးမကူညီခဲ့တဲ့အပြင် ကျဆုံးသွားတဲ့သူရဲကောင်းတွေအတွက်လည်း လှူဒါန်းမှုတွေလည်း ပြုလုပ်ခဲ့တာ တွေ့ရပါတယ်..။

Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc

လက်ရှိအခြေအနေတွေမှာ တတ်နိုင်သလောက်ကူညီလှူဒါန်းနေတဲ့ ဟိန်းဝေယံကတော့ သင်္ကြန်အကြိုနေ့မှာလည်း သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းကာ ကောင်းမှုကုသိုလ်တွေပြုရင်း ပြည်သူတွေအတွက် ဆုတောင်းမေတ္တာတွေ ပေးပို့ထားပါတယ်..။

နှစ်သစ်ကူးအခါသမယမှာ (၇)ရက်သားသမီးတွေနဲ့အတူ မိသားစုလိုက်သံဃာတော်တွေကို နေ့ဆွမ်းကပ်အလှူပြုလုပ်ခဲ့တဲ့ ကုသိုလ်ယူပုံရိပ်တွေကိုလည်း ဟိန်းဝေယံက ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc

"သင်္ကြန်အကြိုနေ့ နေ့ဆွမ်းအလှူ

(၇)ရက်သားသမီးများနှင့်အတူ ကျွန်တော်တို့မိသားစုလည်း ကုသိုလ်ပါဝင်လှူဒါန်းဖြစ်ပါတယ်ခင်ဗျာ..

ဘေးအန္တရာယ်ကင်းရှင်းသော ရက်မြတ်များဖြစ်ကြပါစေ... ???.." ဆိုပြီး ဆုတောင်းစကားနဲ့အတူ ကုသိုလ်ယူပုံရိပ်တွေကို ဝေမျှထားတာပါ..။

သင်္ကြန်အကြိုနေ့မှာ ကောင်းမှုကုသိုလ်တွေပြုလုပ်ပြီး ကုသိုလ်ယူရင်း ပြည်သူပရိသတ်တွေအတွက် ဆုတောင်းစကားတွေပြောထားတဲ့ ဟိန်းဝေယံတို့မိသားစုရဲ့အလှူကို ပရိသတ်တွေကလည်း သာဓုခေါ်ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc

သတင်း အရင်းအမြစ်Heinn Wai Yan's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T