April လ ၁၃ ရက်နေ့ မနက်ပိုင်း twitter ပေါ်ပျံ့နှံ့နေတဲ့ မြန်မာ့ရေးရာသတင်းများ

//s9.kh1.co/46/469646d6fa0f120fc2f6439c88834149665e7f7e.jpg
နေ့စဉ်သတင်းများ

 ၁၃-ပြီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

April လ 13 ရက်နေ့ မနက်ပိုင်း twitter ပေါ်မှာတော့ ယမန်နေ့ညက ကချင်ပြည်နယ်မှာ ဗုံးတွေ ၊ သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ အသံတွေကြားရတယ်ဆိုတဲ့ သတင်းတွေ တက်နေတာကို တွေ့ရပါတယ်။

ဒီအသံတွေကို ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားကနေတောင် ကြားရတယ်လို့ သိရပြီးပစ်ခတ်မှုတွေနဲ့ ပတ်သတ်ပီးတော့ တိတိကျကျသေသေချာချာတော့ မသိရသေးပါဘူး။

https://s9.kh1.co/__image/w=650,h=223,q=100/d6/d6cc8a8d953ae8bfef953ffde80e72d6e52983ff.jpg

နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ ဒီကနေ့ မနက်ပိုင်းက မြန်မာနိုင်ငံအတွင်းက ပြည်သူအချို့ဟာ အတာအိုးတွေကို ကိုင်ဆောင်ကာ နှစ်ကူးသင်္ကြန် မဟုတ်ပဲ တော်လှန်သင်္ကြန် အဖြစ် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေဟာ အတာအိုးတွေကို ဆေးအနီသုတ်ကာ တော်လှန်သင်္ကြန် ၊ နွေးဦးတော်လှန်ရေး ၊ three finger sign စသည်တို့ကိုရေးဆွဲကာ ဆန္ဒဖော်ထုတ်ခဲ့ကြတာကို တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=549,q=100/13/133009be663ddf4ab6937a429740533164ca362e.jpg
https://s9.kh1.co/__image/w=640,h=480,q=100/fe/fe8ff5a70148df8250dd82e9849984cbeb2bf53d.jpg
https://s9.kh1.co/__image/w=650,h=482,q=100/f1/f12642760489edc04c343c8251719bfd8ed25576.jpg

နောက်ထပ်အနေနဲ့ကတော့ ယမန်နေ့ညက စမ်းချောင်းမှာ ပြည်သူတစ်ဦး သေနတ်နဲ့ အပစ်ခံရတဲ့ သတင်းတွေလည်း ပြန့်နေတာကို တွေ့ရပါတယ်။

ဒီဖြစ်ရပ်ဟာ ဇေယျသုခလမ်းထဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အပစ်ခံရတဲ့အမျိုးသား ကားပေါ်တင်ကာ ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရတယ်လို့ သိရပါတယ်။ အပစ်ခံရတဲ့အကြောင်းရင်းကို သေချာမသိရသေးပေမယ့် ၄င်း အမျိုးသားဟာ ည ၁၀ နာရီ ၄၅ မိနစ်လောက်မှာ အပစ်ခံရတာဖြစ်ပြီး ၁၁ နာရီလောက်မှာ ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=481,q=100/83/836f58654c76ea87108f6f62f59ec7e3edb1e822.jpg
https://s9.kh1.co/__image/w=650,h=640,q=100/54/54da4c2c9bb75c2293ff89220e09259381647d11.jpg
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T