Generation XYZ တွေပါဝင်တဲ့ စမ်းချောင်းမြို့နယ်အတွင်းက ခမောက်နီလူထုလှုပ်ရှားမှု

//s9.kh1.co/a8/a849229340ffe11d5436d1b7ac54f2b2a783d67d.jpg
နေ့စဉ်သတင်းများ

 ၀၈-ပြီ-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ဖိနှိပ်ဖြိုခွဲခံရမှုတွေကြောင့် ဆန္ဒထုတ်ဖော်တဲ့ လှုပ်ရှားမှုတွေ နည်းပါးလာပြီဆိုပေမယ့်လည်း ပြည်သူတွေကတော့ တတ်နိုင်တဲ့ဘက်ကနေ ဆန္ဒထုတ်ဖော်နေကြဆဲ ဖြစ်ပါတယ်။

ဒီကနေ့မှာဆိုရင်လည်း စမ်းချောင်းမြို့နယ်အတွင်းမှာ ခမောက်နီလူထုလှုပ်ရှားမှုလို့ ခေါ်တဲ့ လူထုလှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/43/43f2101da255ebd680086d3672334d674caabac4.jpg
https://s9.kh1.co/__image/w=650,h=488,q=100/82/82c03abdff42a919a95733aad27de8c6a3644138.jpg

ဒီလူထုလှုပ်ရှားမှုအတွင်းမှာတော့ Generation XYZ တို့ပူးပေါင်းပါဝင်ခဲ့ကြပြီး ခမောက်အနီတွေဆောင်းကာ စမ်းချောင်းမြို့နယ်အတွင်းက လမ်းသွယ်တွေထဲမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်သူတွေဟာ တပ်ဦးအလံကို လွှင့်ထူကာ နံရံခံပြီး ပုန်းမှာလား ၊ တဖန်ပြန်ပြီး ကြုံးမှာလား ဆိုတဲ့ စာတန်းကို ကိုင်ဆောင်ကာ ကြွေးကြော်သံတွေနဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/d5/d51d84b643095baf39fbfa3fde5b369b4262b1ba.jpg
https://s9.kh1.co/__image/w=650,h=488,q=100/fe/fe98c0d2b78d5ae008ecab7e5f1fa7b4b02876d4.jpg

ဒီထူထုလှုပ်ရှားမှု အတွင်းမှာ ပါဝင်တဲ့ပြည်သူတစ်ဦးဟာ ဆိုရင်လည်း "အမတို့ ဆန္ဒထုတ်ဖော်မှုတွေကိုလည်း ပုံစံမျိုးစုံ၊ နည်းမျိုးစုံနဲ့ နိုင်ငံတစ်ကာကပါသိအောင် ကလေးတွေလုပ်ဆောင်ခဲ့ပြီ၊ အသက်တွေပေးလိုက်ရတဲ့ အမ တို့ရဲ့ကလေးတွေလည်းမနည်းတော့ဘူး၊ ဒီပွဲက အမတို့ နောက်ဆုတ်ပြီး သွေးအေးရတော့မယ့် တိုက်ပွဲ မဟုတ်တော့ဘူးလို့ ထင်တယ်" လို့ပြောကြားခဲ့ကြောင်း သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံအတွင်းက မြို့နယ်တော်တော်မှာ ဆန္ဒထုတ်ဖော်တဲ့သပိတ်စစ်ကြောင်းတွေ ဖြိုခွင်းခံရမှုတွေရှိနေပေမယ့်လည်း ပြောက်ကျားသပိတ်စစ်ကြောင်းတွေကတော့ ထွက်ရှိနေဆဲပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/50/502a1c043e7e8fa449f41f926d52ed8458645c29.jpg
https://s9.kh1.co/__image/w=650,h=488,q=100/23/23ce69ee03cbd537ac8acd3b52c4352eb0aa9466.jpg
https://s9.kh1.co/__image/w=650,h=488,q=100/f4/f4e3e08e38ff4bcab9a657e233929d4db62a8dd8.jpg
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T