April လ 3 ရက်နေ့ twitter ပေါ်ပျံ့နှံ့လာတဲ့ သတင်းများ

//s9.kh1.co/4b/4b45ee658c7f2acbd4ad8cb576fdab8f859d844b.jpg
နေ့စဉ်သတင်းများ

 ၀၃-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီကနေ့ April လ ၃ ရက်နေ့မှာတော့ twitter ပေါ်မှာ မုံရွာမြို့က ပြည်သူတွေ ပစ်ခတ် ဖြိုခွဲခံရတာနဲ့ပတ်သတ်တဲ့ သတင်းတွေ ပျံ့နှံ့ နေတာကို တွေ့ရပါတယ်။

မုံရွာကနေရာအချို့မှာ ဒီကနေ့မနက်ပိုင်းလောက်ထဲက ပစ်ခတ်ဖြိုခွဲခံရတာတွေ ရှိခဲ့ပြီး ကနဦး သေဆုံးသူ ၃ ဦးနဲ့ ဒဏ်ရာရှိသူတွေလည်း ရှိတယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=650,h=1409,q=100/15/15abd6274d228b152005c9cc8a5284dea2088c9b.jpg

သေဆုံးသူထဲက တစ်ယောက်ထဲကတော့ ဦးခေါင်းပွင့်ပြီး သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

Twitter သုံးစွဲသူ ပြည်သူအချို့ကလည်း ဒီအကြောင်းအရာကို #Whatshappeninginmyanmar

#April3Coup

ဆိုတဲ့ hashtag တွေနဲ့ ပြည်ပကလူတွေသိအောင် တင်ပေးနေတာကိုလည်း တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=699,q=100/90/90a1bd564733215622f51c02ec415ca4b2223d19.jpg

ဒါ့အပြင် မုံရွာပင်မ သပိတ်စစ်ကြောင်းဟာ ဒီကနေ့မနက်ပိုင်းထဲက ဝိုင်းညှပ်ပိတ်ပီး ဖြိုခွဲခံရပေမယ့်လည်း တပ်ဦးအလံကိုလွှင့်ထူကာ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာတော့ မုံရွာပင်မ သပိတ်စစ်ကြောင်းဟာ မြေပြင်အခြေအနေကိုကြည့်ပြီး အောင်မြင်စွာ လူစုခွဲနိုင်ခဲ့တယ်လို့ လည်း သိရပါတယ်။

https://s9.kh1.co/__image/w=650,h=456,q=100/c6/c605fd7037cd75a604c25f801c328a512dcfd61b.jpg
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T